အမေရိကန်နိုင်ငံက ဘွိုက်စီလေဆိပ်မှာ ဆောက်လုပ်ဆဲပုဂ္ဂလိက လေယာဉ်တင်ခန်း ပြိုကျ ၃ယောက်သေ ၉ယောက် ဒဏ်ရာရ

အိုဒါးဟိုး၊ ဖေဖေါ်ဝါရီ ၁

အမေရိကန်ပြည်ထောင်စု အိုဒါးဟို့ ပြည်နယ်မှာရှိတဲ့  ဘွိုက်စီလေဆိပ်မှာ ဇန်နဝါရီ ၃၁ရက်က ဆောက်လက်စ ပုဂ္ဂလိက လေယာဉ်တင်ခန်း ပြိုကျခဲ့လို လူ သုံးယောက်သေပြီး ကိုးယောက်ဒဏ်ရာရခဲ့တယ်လို့   တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ကွင်းအစွန်းက West Rickenbacker နဲ့  Luke လမ်းမှာရှိနေတဲ့ ဆောက်လက်စ အဆောက်အဦရဲ့ သတ္တုကိုင်းတွေ ညနေ ၅နာရီလောက်မှာ ပြိုကျခဲ့တာ ဖြစ်ပြီး ဘာ့ကြောင့် ဖြစ်ရတယ် ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ  လုပ်နေတဲ့အကြောင်းမြို့တော်မီးသတ်ဌာနက  ပြောပါတယ်။

ဒဏ်ရာရခဲ့တဲ့ ကိုးယောက်ထဲက ငါးယောက်က   စိုးရိမ်ရတဲ့အခြေအနေ ရှိနေကြပြီး ဆေးရုံတွေမှာ ကုသမှု ခံယူနေရတယ်လို့  မြို့တော်တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အချက်လက် အသေးစိတ်ကိုတော့ ချက်ချင်း ထုတ်ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

“အဆောက်အအုံရဲ့ ဘောင်က အကြီးစားပြိုကျသွားတယ်။ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ကျွန်တော်မသိပေမယ့် ဒါဟာ ကမ္ဘာလုံးဆိုင်ရာပြိုကျမှုတစ်ခုလို့ ကျွန်တော်ပြောနိုင်ပါတယ်” ဆိုပြီး ဘွုက်စီ မီးသတ်ဌာန စစ်ဆင်ရေးအကြီးအကဲ အာရွန် ဟန်မဲလ် က ပြောပါတယ်။ အဆောက်အဦးကို ဘယ်သူဘယ်ဝါက တည်ဆောက်နေတယ်ဆိုကိုတော့ ထည့်မပြောခဲ့ဘူးလို့လည်း သိရပါတယ်။

Ref: CNN

ပုံစာ။ ပြိုကျသွားတဲ့ အဆောက်အဦကို တွေ့ရပုံ

Feature Image Credit: Terra Furman/TMX

Visited 20 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *