ဘော်လတီမိုး၊ စက်တင်ဘာ ၁၉
ဘောလ်တီမိုးတံတားကို ပြိုကျပျက်စီးသွားအောင် ဝင်တိုက်ခဲ့မိတဲ့ ကုန်တင်သင်္ဘောရဲ့ ပိုင်ရှင်ဖြစ်တဲ့ စင်္ကာပူကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် လျှော်ကြေးရလိုမှုနဲ့ အမေရိကန် တရားရေးဌာနက စက်တင်ဘာ ၁၈ ရက်မှာ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
မီတာ ၃၀၀ အရှည်ရှိတဲ့ M/V Dali ကုန်တင်သင်္ဘောက ၂၀၂၄ခုနှစ် မတ် ၂၆ ရက်က Francis Scott Key တံတားကို တိုက်မိခဲ့ရာမှာ လမ်းလုပ်သား ခြောက်ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်အပေါ် တာဝန်ရှိနေတဲ့ Grace Ocean Private နဲ Synergy Marine Private ကုမ္ပဏီတွေကို အရပ်ဘက်တရားစွဲဆိုမှုအဖြစ် မေရီလန်းခရိုင်တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
” Francis Scott Key Bridge ဖျက်ဆီးခံရမှုအတွက် တာဝန်ရှိသူတွေက တာဝန်ခံမှုရှိစေဖို့ အမေရိကန်တရားရေးဌာနကကတိပြုပါတယ်” ဆိုပြီး ရှေ့နေချုပ် မဲရစ် ဂါ့လန့်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြီး ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ တံတားကို ဝင်တိုက်မိအပြီး တွေ့ရပုံ
Feature Image Credit: WIRED



