
ဒီမိုကရေစီဆက်လက်ရှင်သန်ဖို့ အမေရိကန်အနေနဲ့ တွေးတောဆင်ခြင်နေရပြီ ဖြစ်ပါတယ်။ လေလာသုံးသပ်သူတွေကတော့ ကမ္ဘာတစ်ဝှမ်းကိုကြည့်ပြီး “ ဒီမိုကရေစီ ဆုတ်ယုတ်မှု” လို့တောင် အမည််တပ်ခေါ်ဝေါ်နေကြပြီလည်းဖြစ်ပါတယ်။ ဟန်ဂေရီကစလို့ ပိုလန်၊ တူရကီ၊ အိန္ဒိယအဆုံး ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေဟာ တစ်ကယ့်ကို ကမောက်ကမဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ထွန်းသစ်စဒီမိုကရေစီနိုင်ငံများမှာပဲ ဖြစ်နေတာမဟုတ်ဘူး။ ဥပမာအားဖြင့် ခေတ်သစ်ဂျာမဏီနိုင်ငံကိုပဲ ကြည့်ရမှာဖြစ်တယ်။ ၁၉၃၀ ကနေ ၁၉၄၀ ကာလတွေမှာဂျာမဏီဟာ အာဏာရှင်အဖြစ်ရပ်တည်ခဲ့တယ်။ ဒီနောက် ဂျာမဏီဟာ စစ်ရှုံးခဲ့ပေမယ့် ပြန်လည်ရုန်းထနိုင်ခဲ့တယ်။ ဒီနေ့အချိန်မှာတော့ တည်ငြိမ်လုနီးပါး အခြေအနေရှိတဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါဟာ ၂၀၀၅ခုနှစ်ကစလို့ ဂျာမဏီနိုင်ငံရဲ့ အဓိပတိ အဖြစ်တာဝန်ယူနေတဲ့ အင်ဂျလာ မာကယ် ရဲ့ အုပ်ချုပ်မှူအောက်က ဂျာမဏီပါ။ ဒါပေမယ့် အဆိုပါ တည်ငြိမ်ခြင်း ဆိုတဲ့ နောက်ကွယ်မှာတော့ ပြင်းထန်တဲ့ လှိုင်းတွေ ထန်နေခဲ့ပါတယ်။ ဆိုလိုတာက ဆယ်စုနှစ် များစွာကတည်းက ဂျာမဏီရဲ့ အဓိကပါတီကြီးနှစ်ခုဟာ ဆန္ဒမဲတွေရဲ့ ၉ဝရာခိုင်နူန်း အထိရခဲ့ကြတယ်။ ဒါပေမယ် ၂၀၂၁ ဖက်ဒရယ်ရွေးကောက်ပွဲမှာကတော့ မဲဆန္ဒ ၅ဝရာခိုင်နူန်းလောက်သာ ရတော့တယ်။ အကြောင်းက ပါတီအသစ်တွေနဲ့ လှုပ်ရှုားမှု ့မျိုးစုံပေါ်ထွက်လာတာကြောင့်လို့ နိုင်ငံရေးသုတေသီ ရစ်ချတ် ပယ်လ်ဒီ က ထောက်ပြပါတယ်။
ပယ်လ်ဒီ ကပဲ “နိုင်ငံရေးအကွဲအလွဲများ” ဆိုပြီး ခေါင်းစဉ်တပ်တယ်။ဒါတွေဟာ အနောက်ကမ္ဘာမှာ ဒီနေ့ တကယ်ဖြစ်နေတဲ့ ကိစ္စလို့ဆိုတယ်။ ဥရောပမှာ အအောင်မြင်ဆုံးပါတီတစ်ခုဖြစ်တဲ့ ပြင်သစ်ဆိုရှယ်လစ်ပါတီကို ကြည့်ပါ သူအတိတ်ရဲ့ အရိပ်က သူကို ပြန်မိုးနေပြီဖြစ်တယ်။ စပိန်ကလည်း တစ်နှစ်ထဲမှာကိုပဲ ရွေးကောက်ပွဲ လေးကြိမ်အထိလုပ်ခဲ့ရတယ်။ အီတလီကိုကြည့်ပြန်တော့လည်း လက်ယာယိမ်းတွေ ပေါ်လာတဲ့ ၂၀၁၈ ကစပြီး နိုင်ငံရေးတွေ ကမောက်ကမဖြစ်ခဲ့ရတယ်။ ဒီအခြေအနေကို ဝန်ကြီးချုပ် မာရီရို ဒရာဂီ က အတော်လေး ရှင်းထုတ်နေရတုန်းပဲ။ ဒါ့အပြင် နယ်သာလန်လို နိုင်ငံတောင်မှ ၂၀၁၇ မှာ ညွှန်ပေါင်းအစိုးရတစ်ရပ်ဖွဲ့ဖို့ ၂၂၅ရက်အထိ စံချိန်တင်ကြိုးပမ်းခဲ့ရတယ်။
ဘာကြောင့် ဒီလိုတွေ ဖြစ်ကြရသလည်းဆိုပြန်တော့ အကြောင်းရင်းတွေက အားလုံးရင်းနှီးသိကျွမ်းပြီးသား အကြောင်းရပ်တွေချည်းပါပဲ။ မြန်ဆန်လွန်းတဲ့ နည်းပညာပြောင်းလဲမှု၊ကမ္ဘာလုံးဆိုင်ရာ လူမျိုုးစု ကွဲပြားမှုတွေ အရှိန်တက်လာမှု စတာတွေကြောင့် ကြီးမားတဲ့ စိုးရိမ်စိတ်တွေ မြင်တက်လာရမှုတွေ ဖြစ်တယ်။ ဒီလိုစိုးရိမ်မှုတွေကပဲ အစဉ်လာပုံစံနဲ ့ဖြစ်တည်လာတဲ့ပါတီကြီးတွေကို မယုံကြည်မှုတွေ ဖြစ်လာစေခဲ့တယ်။ ဒီလိုအကြောင်းခြင်းရာအသစ်တွေက နိုင်ငံရေးထဲ စိမ့်ဝင်လာခဲ့တဲ့နောက် တိုင်းပြည်တွေဟာ နောက်ကိုပြန် ရောက်ကုန်ကြတယ်။
ဒီအထဲမှာမှ အမေရိကန်ရဲ့ ဒီမိုကရေစီဟာ အခြား စပိန်တို့ ပြင်သစ်တို့ထက် ဘာကြောင့်ပိုပြီး ချိန်းခြောက်ခံနေရပါသလည်း ဆိုတဲ့ မေးခွန်က ထွက်ပေါ်လာတယ်။ သူတို့တွေဟာ သူတိုရဲ မာကျောပြီးသားနိုင်ငံရေးနယ်ပယ်ကိုတိုက်ခိုက်ခံရမယ်လို့ ထင်မှတ်မထားခဲ့ကြပါဘူး။ ခုဆို ဥရောပရဲ့အမာခံ ဥရောပသမဂ္ဂဟာ တိုက်ခိုက်ခံနေရပြီဖြစ်တယ်။ စီးပွားရေးအတောင့်တင်းဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ဗြိတိန်က သမဂ္ဂကို ကျောခိုင်းပစ်ခဲ့တယ်။ အခြား ပိုလန်တို့ ဟန်ဂေရီတို့ကလည်း အတွင်းကို လှိုက်စားနေတယ်။ အမေရိကန်ကလည်း လာမယ့်ရွေးကောက်ပွဲမှာ ကမောက်ကမ အခြေအနေ အရိပ်ပြနေတယ်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလည်းလာတာက ဖွဲစည်းပုံ အခြေခံဥပဒေကို အကျပ်ရိုက်စေဦးမှာဖြစ်တယ်။
နိုင်ငံရေးမှာ သီလအရေးမကြီးဟု ယူဆလာခြင်းများက ရင်မောစရာဖြစ်လာတယ်။ အမေရိကန်ရဲ့ စတုထ္ထမြောက်သမတ ဖြစ်ခဲ့သူ ဂျိမ်းစ် မဒီဆန် ရဲ့ “ လူတွေဆိုတာ နတ်သားတွေ နတ်သမီးတွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့့ အစိုးရဆိုတာ မလိုအပ်ဘူး” ဆိုတဲ့စကားက ဒီနေ့ထိကျော်ကြားတုန်းလည်းဖြစ်တယ်။ ဒါတွေက အပြန်အလှန်ထိန်းကျောင်း မှုက မဖြစ်မနေလိုအပ်ပြီး လွတ်လပ်မျှတမှုနဲ့ ဒီမိုကရေစီကို ထိန်းကျာင်းရမှာဖြစ်တယ်။ သီလမမြဲတဲ့ တာဝန်မကျေတဲ့သူများနဲ့ စနစ်တစ်ခုကို အောင်မြင်အောင်လုပ်နိုင်ပါမည်လား။ ဒါတွေကို လွတ်တော်က အသေအချာ စစ်ဆေးရမှာပါ။ ရီပတ်ပလီကန်ပါတီရဲ့နိုင်ငံရေးကို ဝေဖန်ခံခဲ့ရတယ်။ ရွေးကောက်ပွဲ ရလဒ်အငြင်းပွားမှုတွေနဲ့ပတ်သက်လို့ပေါ.။ ၁၉ရာစုရဲ ့ထင်ရှားတဲ့ အမေရိကန်စာရေးဆရာကြီးတစ်ဦးဖြစ်သူ ရက် ဝါလ်ဒို အီမာဆန် က အမေရိကန်တွေရဲ့ အင်စတီကျူးရှင်းတွေက အရမ်းအားကောင်းပါတယ်။ “ အင်စတီကျူးရှင်းဆိုတာ လူတစ်ဦးရဲ့ အရိ်ပ်အာဝါသ တစ်ခုပါ။ ဒါပေမယ့် လူတွေက သူ ့ကိုသွားပြီး အနိုင်ကျင့်မယ်၊တိုက်ခိုက်မယ်၊ လျစ်လျှူရှုရင် သူလည်း တဖြေးဖြေး ပြိုကျသွားလိမ်မယ်” လို့ဆိုခဲ့တယ်။
ဒီတော့ ရီပတ်ပလီကန်ရယ် ဒီမိုကရက်တစ်တွေရယ် အတူတကွ လက်တွဲကြဖို့ လိုပါတယ်။ ဒါမှသာ တရားဝင်တဲ့နိုင်ငံရေးစနစ်တစ်ခုကို ထိန်းကျောင်းရာရောက်မယ်။ ဒီအချိန်မှာ အရမ်းအရေးကြီးတဲ့ နိုင်ငံရေးအချင်းအရာတွေ ကြုံတွေနေရပြီ။ ဒါဟာဘာလည်းဆိုတော့ အီရန် အရေးလည်းမဟုတ်ဘူး၊ ကမ္ဘာကြီးစိမ်းလန်းစိုပြေရေးတွေလည်း မဟုတ်သေးပါဘူး။ အရင်အဦးဆုံး ကယ်တင်ကြရမှာက အမေရိကန်ရဲ့ ဒီမိုကရေစီပဲ ဖြစ်ပါတယ်။
ကိုးကား။ CNN
What it will take to save American democracy
Opinion by Fareed Zakaria
Translated by Nicolas K
Updated 1857 GMT (0257 HKT) January 10, 2022