အမေရိကန်ထဲ ကျူးကျော်ခဲ့တဲ့ မိုးပျံပူဖေါင်း နဲ့ ပတ်သက်ပြီး မတော်တဆမှု လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ဖြေရှင်းပြောဆို

ဗဟိုကော်မရှင် ဒါရိုက်တာ ဝမ်ရိ နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်းကင် တို့ ၂၀၂၂ က ဘာလီကျွန်းမှာ တွေ့ဆုံခိုက်
photoCredit: Reuterts

ရှန်ဟိုင်း၊ ဖေဖေါ်ဝါရီ ၄

အမေရိကန်နိုင်ငံထဲကို  မီးပုံးပျံတစ်လုံး ကျူးကျော် ပျံသန်းခဲ့မိတာဟာ မတော်တစ်ဆ ဖြစ်ရပ်တစ်ခုပါလို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောဆိုလိုက်သလို ဒီကိစ္စကို အမေရိကန်နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေက အခွင့်ကောင်းယူနေတယ် ဆိုပြီးလည်း  ရှန်ဟိုင်းမြို့မှာ စနေနေ့ (ဖေဖော်ဝါရီ ၄ ရက်) က စွပ်စွဲပစ်တင် လိုက်ပါတယ်။

ဘေကျင်းအစိုးရကတော့ “တရုတ်နိုင်ငံဟာ အမြဲဆိုသလို နိုင်ငံတကာဥပဒေကို တင်းတင်းကျပ်ကျပ် လိုက်နာ သလို  နိုင်ငံတွေအားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု စတာတွေကို လေးလေးစားစား ရှိပါတယ်” ဆိုပြီး  ဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘေဂျင်းနဲ ဝါရှင်တန် နှစ်နှိင်ငံ ကြား ဘာခရီးစဉ်မှ ပြောဆိုထားတာမရှိသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်ကလည်း အမေရိကန် တို့ရဲ့ ကိစ္စပဲ ဖြစ်ကြောင်း ပြောဆိုပါတယ်။

အမေရိကန်ဘက်ကတော့ အဲ့ဒိ မိုးပျံယာဥ် ကိစ္စနဲ့ပတ်သက်ပြီး  အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာဆိုတဲ့ သဘောထားကိုပဲ ဆက်ပြီး စွဲကိုင်ထားသလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင် တရုတ်နိုင်ငံကို သွားမယ့် အစီအစဥ် ကို  ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်

တရုတ်နိုင်ငံ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင် ဒါရိုက်တာ ဝမ်ရိ အနေနဲ သောကြာနေ့ (ဖေဖေါ်ဝါရီ ၃ရက်) ညနေ ပိုင်း မှာ နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီယို ဘလင်းကင် ဆီကို  ဖုန်းဆက်သွယ် စကားပြောခဲ့ပြီး မတော်တဆ ဖြစ်ရပ် ကို ပရော်ဖက် ရှင် နယ် ကျကျ တည်တည်ငြိမ်ငြိမ် ဘယ်လိုဖြေရှင်းကြမယ်ဆိုတဲ့ နည်းလမ်းကို ဆွေးနွေးခဲ့ ပြီး ဖြစ်တယ်လို့ ဝန်ကြီး ဌာန က သီးခြားထုတ်ပြန်ချက်နဲ့  ဖော်ပြလိုက်ပါတယ်။

ဝမ်ရိကပဲနှစ်ဘက်စလုံး လွဲမှား နေတာတွေကို ရှောင်ရှားပြီး အချိန်မီ ပြောဆိုဆက်သွယ်ဆွေးနွေးကြဖို့ လိုကြောင်း လည်း ဝန်ကြီး ဘလင်းကင်း ကိုပြောခဲ့ကြောင်း သိရပါတယ်။

Ref: Reuters/mi

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *