
Photo Credit: CAP
ဝါရှင်တန် ဒီ စီ၊ ဧပြီ ၂၁
ဧပြီ ၂၁ရက် သောကြာနေ့က ဝါရှင်တန် ဒီ စီမှာ ရှိတဲ့ အမေရိကန် ဗဟိုတရားရုံးချုပ်ဟာ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ဆိုင်တဲ့ ဆေးတွေကို တားမြစ်တဲ့ အောက်ရုံးတော်တွေရဲ့ စီရင်ချက် တွေကို ပယ်ပျက်စေနိုင်တဲ့ အမိန်တစ်ခု ချမှတ်ပြီး ကိုယ်ဝန် ဖျက်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေမှုကို ဆက်လက် ကာကွယ်ရပ်တည်ပေးခဲ့တယ်လို့ သိရပါတယ်။
တရားသူကြီး ကရဲရန့်စ် သောမတ်စ် နဲ့ဆန်မြူရယ် အယ်လိတို့ နှစ်ဦးကတော့ လူသိရှင်ကြားပဲ ကန့်ကွက်ခဲ့ ကြတယ် လို့ သိရပါတယ်။ မည်သို့ပင်ဆိုစေ ကျန်ရှိနေတဲ့ အခြားရှေးရိုးစွဲတရားလွှတ်တော်တွေ ဘက်က ဘယ်လို မဲမျိုးပေးကြမယ်ကို မသိရသေးပေမယ့် အဲ့ဒိနေ့က တရားသူကြီးကိုးဦးထိုင်ခဲ့ရာက ငါးဦးက ခွင့်ပြု့တဲ့ ဘက်က ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။
အရင်နှစ်တွေအထိ အတည်ဖြစ်နေခဲ့တဲ့ ကွန်ဆာဗေးတစ်တွေရဲ့ လူမှုစံနှုန်းတစ်ခုကို အခုလိုပြောင်းပြန် လှန်ပစ်လိုက် နိုင် တာ က ပြီးခဲ့တဲ့နှစ်က တရားရုံးချုပ်မှာ ရှုံးနိမ့်ခဲ့ရတဲ့ လက်ရှိ ဒီမို ကရက်သမ္မတ ဂျိုး ဘိုင်ဒန်ရယ်၊ သူအုပ်ချုပ်ရေး အဖွဲ့ အပါအဝင် သူ့ရဲ့ မဟာမိတ်တွေရဲ့ သိသိသာသာ အောင်ပွဲ တစ်ခုလို့လည်း ကမ္ဘာ့မီဒီယာ တွေက ရေးသားဖော်ပြ နေကြ ပါတယ်။
အမေရိကန်အစိုးရရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ နိုင်ငံတစ်ဝန်းမှာ ကိုယ်ဝန်ဖျက်ချခဲ့တဲ့သူ အရေအတွက် ကိန်ဂဏန်းတွေကို ကြည့်မယ်ဆိုရင် ၂၀၀၀ခုနှစ်မှာ ၁၃၁၀၀၀၀ဦး၊ ၂၀၁၁ခုနှစ်မှာ ၁၀၆၀၀၀၀ဦး၊ ၂၀၂၀ ခုနှစ်မှာ ၉၃၉၁၆၀ ဦး အထိ ရှိနေတယ်လို့ သိရပါတယ်။
Ref: CNN