အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာရအပြီး အီရတ်မှာ အမေရိကန်က လက်တုံ့ပြန်

အာဘေလ်( အီရတ်)၊ ဒီဇင်ဘာ ၂၆

အီရတ်နိုင်ငံ အာဘေလ် မှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းတစ်ခုကို  ဒီဇင်ဘာ ၂၅ရက် တနင်္လာနေ့ အစောပိုင်းက မောင်း သူမဲ့လေယာဉ်နဲ့  တိုက်ခိုက်ခံခဲ့ရလို့ အမေရိကန်ဘက်က ထိခိုက်မှုတွေ  ဖြစ်ခဲ့အပြီး အမေရိကန်က လက်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရမှုထဲမှာ  အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အီရန်နဲ့ မဟာမိတ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် စစ်မှုထမ်းတစ်ယောက် စိုးရိမ်ရတဲ့ အခြေအနေနဲ့ တခြား အမေရိကန် ဝန်ထမ်းနှစ်ယောက်ဒဏ်ရာရသွားပြီးတဲ့ နောက် အီရတ်မှာ ဒီဇင်ဘာ ၂၅ ရက် အစောပိုင်းက အမေ ရိကန် စစ်တပ်က လက်တုံ့ပြန် လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ခဲ့တယ်လို့  အရာရှိတွေက ပြောပါတယ်။ .

အခုလို အပြန်အလှန် ထိပ်တိုက်တွေ့ဆုံမှုဟာ  အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲ လိုပဲ အရှိန်အဟုန်နဲ့  တုန်လှုပ်သွားစေခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အီရတ်၊ဆီးရီးယားနဲ အီရန် မဟာမိတ်အဖွဲ့တွေက ဂါဇာမှာ အစ္စရေး စစ်ဆင်ရေးကို ဆန့်ကျင်ပြီး ဟားမတ်စ် ကို ကူညီနေကြတယ်လို့ အတိအလင်း စွပ်စွဲခံထားရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့  ညွှန်ကြားချက်အရ အမေရိကန်စစ်တပ်က အီရတ်နိုင်ငံကို ဂင်းနစ်စံတော်ချိန် ၁ နာရီ ၄၅ မိနစ်မှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ချိန်မှာ ဟစ်စဘိုလာ စစ်သွေးကြွ အများအပြားကို သတ်ဖြတ်ခဲ့ပြီး သူတို့ အဖွဲ့အသုံးပြုတဲ့  အဆောက်အဦတွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့  အမေရိကန်စစ်တပ်က ပြောဆို လိုက်ပါတယ်။

Ref:  Reuters/ec

ပုံစာ။ ၂၀၂၃ခု ဇန်န၀ါရီလ ၁၃ ရက်က  အီရတ်နိုင်ငံ အန်ဘား ပြည်နယ် အယ် အာဆတ် လေတပ်စခန်းမှာ တွေ့ရတဲ့ အမေရိကန် စစ်တပ်ယာဉ်တချို့

Feature Image Credit: Photo: REUTERS/John Davison

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *