အမေရိကန်စီအိုင်အေညွှန်ကြားရေးမှူးဝီလျံဘန်းစ်ဟာ ဝပ်ဂနာကြေးစားတပ် လက်နက်ကိုင်ပုန်ကန်မှု မတိုင်ခင် ယူ ကရိန်းကို ရောက်ခဲ့ပါတယ်။ အမေရိကန် အစိုးရကလွှတ်လို့ ပုံမှန်သွားနေကျ ခရီး စဉ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြော ပါတယ်။
အမေရိကန်က ရုရှားနဲ့ပတ်သက်ပြီး ကူညီထောက်လှမ်းပေးဖို့ ပြောထားတော့ ယူကရိန်းအတွက်လက်နက်တွေ အကြွေး နဲ့ရောင်းပြီး ထောက်ပံ့ပေးရုံတင်မကဘဲ ထောက်လှမ်းရေးလည်းလုပ်ပေးနေတယ်လို့ဆိုတယ်။ ဒီတစ်ခေါက် သူယူက ရိန်းရောက်တော့ ဒေသခံထောက်လှမ်း ရေးအရာရှိတွေနဲ့ တွေ့တဲ့အပြင် သမ္မတ ဇေလင်စကီးနဲ့လည်းတွေ့ခဲ့ပါသေးတယ်။
ထောက်လှမ်းရေးနဲ့ပတ်သက်ပြီး ယူက ရိန်းအတွက် အမေရိကန်ဖက်က ဆက် လုပ်ပေးမှာဖြစ်တဲ့အကြောင်း ဇေလင်စ ကီးကို သတင်းစကားပြောကြားရုံအတွက် တွေ့ခဲ့တာဖြစ်တယ်လို့ ဝေါလ်စထရိဂျာ နယ်မှာဖော်ပြခဲ့ပါတယ်။
အမေရိကန်စီအိုင်အေအဖွဲ့ဟာ ရိုးရိုး ထောက်လှမ်းရေးအဖွဲ့အစည်းမျိုး မ ဟုတ်ဘဲ တခြားနိုင်ငံကသတင်းအချက် အလက်နဲ့ လျှို့ဝှက်ချက်တွေကိရရှိဖို့ သူလျှိုတွေ ဒလန်တွေမွေးပြီး လုပ်ကိုင် ဆောင်ရွက်တဲ့ သူလျှိုထောက်လှမ်း ရေးအဖွဲ့အစည်းမျိုးဖြစ်ပါတယ်။
အခုဆိုရင် စီအိုင်အေဖက်က ရုရှားဖက် ကိုလွှတ်မယ့် သူလျှိုအသစ်တွေမွေးပြီး အင်တာနက်လူမှုကွန်ရက်ကနေ ယူက ရိန်းစစ်ပွဲကို ရုရှားတွေစိတ်ကုန်သွား
အောင် ဝါဒဖြန့်နေတယ်လို့ သိရပါတယ်။
Ref: CNN