အမေရိကန်စစ်တပ်က ရေပေါ်ဆိပ်ခံကတဆင့် ဂါဇာကို အကူအညီတွေ  စပို့နေ

ဂါဇာ၊ မေ ၁၈

ဂါဇာကမ်းမြောင်ဒေသအတွက်  လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ သယ်ဆောင်လာတဲ့  ကုန်တင်ကားတွေဟာ  မကြာခင်ကမှ  အမေရိကန်စစ်တပ်တည်ဆောက်ထားတဲ့  ရေပေါ်ဆိပ်ခံတံ တားကို ဖြတ်ကာ ကမ်းပေါ်ကို ရောက်လာနေပြီ လို့ အမေရိကန်ဗဟိုဌာနချုပ် (CENTCOM) ကနေ ပြောဆိုလိုက်ပါတယ်။

အဲ့ဒိဆိပ်ခံတံတားဟာ  ဂါဇာရှိကမ်းခြေတစ်ခုမှာ  ကြာသပတေးနေ့ မေလ ၁၆ရက်မှာ  ကျောက်ချရပ်နားထားပြီး အခြားနယ်စပ်ဖြတ်ကျော်မှုအားလုံးကို ပိတ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ အကူအညီတွေ ဖြန့်ဝေဖို့ အသုံးပြုမယ်လို့ သိရပါတယ်။

ဧပြီလနှောင်းပိုင်းကစ  ဒေါ်လာသန်း ၃၂၀ တန်ကြေးရှိတဲ့ ဆိပ်ခံတံတားကို စတင်တည်ဆောက်ခဲ့တဲ့ အမေရိကန်က  “အခုအကူအညီမှာ  နိုင်ငံအများအပြားနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေက လှူဒါန်းထားတဲ့ထောက်ပံ့ပစ္စည်းတွေပါ၀င်ပါတယ်” ဆိုပြီး အမေရိကန်က အလေးပေးပြောဆိုခဲ့ပါတယ်။

အကူအညီတွေ ဖြန့်ဝေပြီးတဲ့နောက် ဂါဇာကမ်းမြောင်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ မရှိတော့ကြောင်း CENTCOM ရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထောက်ပံ့ရေးအကူအညီတွေဟာ  နိုင်ငံခြားတိုင်းပြည်တွေကနေ ဆိုက်ပရပ်စ်ကို  အရင်ဆုံး ရောက်လာပြီးတဲ့နောက် ဂါဇာကမ်းရိုးတန်းအနားက ရေပေါ်ပလက်ဖောင်းတစ်ခုဆီကို သင်္ဘောနဲ့ ထပ်ဆင့် ပို့ဆောင်ပြီး နောက်ဆုံးအဆင့်အနေနဲ့  ရေပေါ်ဆိပ်ခံဆီကိုရောက်ကာ  မြေပြင်မှာ ဖြန့်ဝေဖို့  ထရပ်ကားတွေနဲ့ ဆက်ပြီ တင်ပြီး ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

ကြာသပတေး မေ ၁၆ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့  တစ်နေ့ကို ထရပ်ကား အစီးရေ ၉၀စီလောက်အထိ ဖြန့်ဝေနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

Ref :CNN

ပုံစာ။ အထောက်အပံ့ပစ္စည်းတွေ ရောက်ရှိလာပုံ

Feature Image Credit: reuters

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *