အမေရိကန်က ဩစတြေးလျ ကို ခရုဇ်ဒုံးကျည်အစင်း ၂၂၀ ရောင်းဖို့ သဘောတူ

Tomahawk ဒုံးကျည်တစ်စင်း ပစ်လွတ်လိုက်ပုံ
Photo Credit:Naval News

ဝါရှင်တန်။ မတ် ၁၇

အမေရိကန်ဒေါ်လာ ၈၉၅ သန်းတန်တဲ့ ခရုဇ်ဒုံးကျည် ၂၂၀ ဩစတြေးလျ ကိုရောင်းဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

ကွန်ဂရက်က လက်မှတ်ထိုးဖို့ အဆင့်ပဲ ကျန်တော့တဲ့  အဲ့ဒိရောင်းချမှုမှာ Tomahawk ဒုံးကျည်တွေအပါအဝင် နည်းပညာ ဆိုင်ရာ ပံ့ပိုးမှုတွေလည်း ပါဝင်မယ်လို့ဆိုပါတယ်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလ်စ် က အခုဝယ်ယူမယ့်ဒုံးကျည်တွေဟာ  အမှန်တကယ် အရေးကြီးတဲ့ စွမ်းရည်ကို ပေးစွမ်းနိုင်တယ်လို့  ပြောပါတယ်။

ဝန်ကြီးက အခုဆောင်ရွက်ခဲ့တဲ့ သဘောတူညီချက်ဟာ   သြစတြေးလျကို ပိုပြီးလုံခြုံအောင် ထိန်းထားနိုင် တယ်လို့ ဩစတြေးလျအသံလွှင့်ဌာန (ABC) ကို ပြောခဲ့တယ်လို့လည်း သိရပါတယ်။

ဒုံးကျည်တွေကို   Aukus နြူကလီးယားစွမ်းအင်သုံးရေငုတ်သင်္ဘောတွေဆီ မပို့မီ  Hobart ဖျက်သင်္ဘော တွေပေါ် မှာ အရင် ချထားတာမျိုး ဖြစ်နိုင်တယ်လို့  ABC သတင်းမှာ ဖော်ပြထားပါတယ်။

အခု ရောင်းချမှုဟာ အမေရိကန်ရေကြောင်းတပ်ဖွဲ့တွေနဲ့ အခြား မဟာမိတ်တပ်ဖွဲ့တွေကြား အပြန်အလှန်အကျိုး ရှိ စေမယ့် မစ်ရှင်တွေမှာ ပါဝင်ကူညီနိုင်မှာ ဖြစ်တဲ့အပြင် သြစတြေးလျရဲ့ စွမ်းဆောင်ရည်ကို လည်းမြှင့်တင်နိုင် မှာ ဖြစ်တဲ့အကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *