ဝါရှင်တန်၊ အောက်တိုဘာ ၉
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဟားမတ်စ်တို့ရဲ့ အသေအပျောက်များစေတဲ့ တိုက်ခိုက်မှုတွေကြောင့် အစ္စရေး-ဆော်ဒီ အာရေးဗီးယား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်နိုင်ချေကို အနှောင့်အယှက်ဖြစ်စေတယ် ဆိုပြီး ဝါရှင်တန်က ယုံကြည်ထားတဲ့ အ လျှောက် အမေရိကန်ရဲ့ ထောက်ခံမှုကိုပြသတဲ့အနေနဲ့စစ်သင်္ဘောတွေ အပါအဝင် လေယာဉ်အများအပြားကိုပါ အစ္စရေး နဲ့ အနီးစပ်ဆုံးနေရာကို့ ပို့လွှတ်ဖို့ စီစဥ်လိုက်ပါတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက် အော်စတင်က ပြောဆိုလိုက် ပါတယ်။
ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေက အစ္စရေးမြို့တွေမှာ ဆယ်စုနှစ်များစွာအတွင်း သွေးထွက်သံယိုအများဆုံး တိုက်ခိုက် မှုတွေကို အောက်တိုဘာ ၇ရက်မှာ လုပ်ခဲ့ကြတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်ကလည်း ဂါဇာကို အောက်တိုဘာ ၈ ရက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြန်တယ်။ ဒီနေထိ နှစ်ဘက်စလုံး ရာပေါင်းများစွာ သေဆုံးခဲ့ပြီလို့ သိရပါ တယ်။ အခုလို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေက အရှေ့အလယ်ပိုင်းမှာ စစ်ပွဲအသစ်တစ်ခု စတင်ဖို့ ခြိမ်းခြောက်နေပြီလို့ ဆိုနေကြပါတယ်။
ကာကွယ်ရေးဝန်ကြီး အော်စတင်က USS Gerald R Ford Carrier Strike Group လေယာတင်သင်္ဘောအုပ်စုကို အစ္စရေးနဲ့ ပိုနီးကပ်တဲ့ အရှေ့မြေထဲပင်လယ်ကို ပြောင်းရွှေ့ဖို့ အမိန့်ပေးလိုက်ပြီ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော် ပြထားပါတယ်။ အဆိုပါ တပ်ဖွဲ့မှာ လေယာဥ်တင်သင်္ဘောကြီး တစ်စင်းနဲ့အတူ ပဲ့ထိန်းဒုံးကျည် ခရူဇာ တစ်စင်း နဲ့ ပဲ့ထိန်း ဒုံးကျည် လေးစင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေအတွက် အကူအညီတွေ အစ္စရေးနိုင်ငံဆီကိုသွားနေတဲ့ လမ်းကြောင်းပေါ် ရောက်ရှိနေပြီး လာမယ့်ရက်တွေမှာလည်း နောက်ထပ် အစီအစဥ်တွေ ဆက်လုပ်သွားမယ်ဆိုတဲ့ အကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုကို အောက်တိုဘာ ၈ရက် တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်တဲ့ အပြင် အမေရိ ကန် ဒုသမ္မတ ကမ်မလာ ဟဲရစ်ကလည်း အစ္စရေးသမ္မတနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters/ec
ပုံစာ။ အစ္စရေးဆီကို ကို ဦးတည်ချီတက်သွားတဲ့ “ USS Gerald R Ford Carrier Strike Group” လေယာဥ်တင်စစ်သင်္ဘောကြီး
Feature Image credit: Javad Parsa/NTB/via REUTERS