အမေရိကန်က ပစ်ချခဲ့တဲ့ တရုတ်မီးပုံးပျံက အာရုံခံ ကိရိယာတွေ သမုဒ္ဒရာထဲက ပြန်တွေ့

 မီးပုံးပျံအပိုင်းအစတွေကို ရှာဖွေနေတဲ့ အမေရိကန်ရေတပ်က ရေငုတ်သမားများ
Photo Credit: US NAVY

ကယ်ရိုလိုင်းနား၊ ဖေဖေါ်ဝါရီ ၁၆

အခုလအစောပိုင်းမှာ အမေရိကန်တိုက်လေယာဥ်တွေက ပစ်ချခဲ့တဲ့ တရုတ်သူလျှိုမီးပုံးပျံတစ်ခုရဲ့ အာရုံခံကိရိ ယာတွေကို အတ္တလန္တိတ်သမုဒ္ဒရာထဲကနေ  ပြန်တွေ့ခဲ့ပြီလို့အမေရိကန်က ပြောကြားလိုက်ပါတယ်။

ရှာဖွေရေးသမားတွေရဲ့ ပြောပြချက်အရ  ဦးစားပေးအာရုံခံကိရိယာနဲ့ အီလက်ထရွန်းနစ်ပစ္စည်းအပိုင်းအစတွေ အပါ အဝင် သိသာထင်ရှားတဲ့ အပျက်အစီးအပိုင်းအစတွေကို ရှာဖွေတွေ့ခဲ့ပြီဆိုတဲ့အကြောင်း အမေရိကန် မြောက်ပိုင်း စစ်ဌာနချုပ်က ပြောဆို လိုက်ပါတယ်။

အခုတော့   ထိလွယ်ရှလွယ် စစ်ဘက်ဆိုင်ရာ နေရာတွေကို သူလျှိုလုပ်ဖို့ သုံးခဲ့တယ်လို့ ဝါရှင်တန်က ပြောနေတဲ့ အရာ တွေကို အက်ဖ်ဘီအိုင်က စစ်ဆေးနေပြီလည်း ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့  ဖေဖော်ဝါရီ ၄ ရက်က ပထမဆုံးမီးပုံးပျံတစ်လုံးကို ပစ်ချအပြီး နောက်ထပ်သုံးလုံးကိုလည်း  ပစ်ချ ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီရက်မှာတော့ တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှာ  “အစိတ်အပိုင်းကြီး” တွေကို ပြန်တွေ့ခဲ့ပြီလို့ စစ်တပ်အရာရှိတွေက ပြောပါတယ်။

ဘီဘီစိရဲ့ အမေရိကန်မိတ်ဖက်သတင်းဌာန CBS ရဲ့ အဆိုအရ မီးပုံးပျံရဲ့ အင်တင်နာတွေက အလျားအနံ ပေ ၃၀ ကနေ ၄၀ လောက်အထိ ကြီးမားတယ်လို့ ပြောပါတယ်။

အမေရိကန် တာဝန်ရှိသူတွေက အဲ့ဒိ မီးပုံးပျံကြီးဟာ တရုတ်နိုင်ငံရဲ့  ထောက်လှမ်းရေးအတွက် အသုံးပြုခဲ့တာလို့ တစ် ထစ် ချ ယုံကြည်ထားသလို ၊  တရုတ်ဘက်ကလည်း ဒီမီးပုံးပျံ ကြီးက  လမ်းကြောင်းလွဲသွားတဲ့ ရာသီဥတု စောင့် ကြည့်ရေး မီးပုံးပျံ တစ်ခုလို့ပဲ အခိုင်အမာ ပြောဆို နေဆဲလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အမေရိကန်တိုက်လေယာဉ်တွေဟာ အလက်စကာ၊ ကနေဒါပိုင်နက် ယူကွန် နယ်မြေနဲ့ အမေရိကန်-ကနေဒါနယ်စပ်ရှိ ယျူရန် ရေကန် ဧရိယာ စတဲ့ နေရာတွေမှာ နောက်ထပ်  မိုးပျံအရာ ဝထ္ထုသုံးခုကို ထပ်ပစ် ချခဲ့ရသေးတယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ဒီပစ္စည်းတွေဟာ သူလျှိုမီးပုံးပျံလို့  အမေရိကန်စစ်ဘက်က တရားဝင်ပြောထားတာမျိုးတော့ မရှိ သေးဘူးလို့ သိရပါတယ်။

ယျူရန်ရေကန်ကောင်းကင်ကို ပစ်ခတ်ရာမှာ  အမေရိကန် F-16 စစ်လေယာဉ်ကနေ ပထမဆုံး ပစ်လွှတ်လိုက်တဲ့ Sidewinder ဒုံးကျည်ဟာ  ပစ်မှတ်ကို လွဲချော်ခဲ့ပြီး အမည်မသိနေရာမှာ ပေါက်ကွဲခဲ့တယ်လို့  အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။

ဒုတိယဒုံးကျည်ကတော့ ပစ်မှတ်ကို ထိမှန်သွားတယ် လို့ သိရပါတယ်။ Sidewinder ဒုံးကျည်တစ်စင်းရဲ့ ဒီနေ့ ကုန်ကျငွေဟာ အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ (ပေါင် ၃၃၀,၀၀၀) ကျော် တန်ကြေးရှိတယ်လို့လည်း သိရပါ တယ်။

Ref:BBC

  • ပစ်ချလိုက်တဲ့ အရာဝတ္ထုတွေရဲ့ ပစ်ချတဲ့ရက်စွဲ၊တည်နေရာ၊ အမြင့်ကို ပြထားတဲ့မြေပုံ

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *