အမေရိကန်က ဒရုန်းယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ဆီးရီးယားက အိုင်ဆီးလ် အုပ်စုခေါင်းဆောင် အိုဆမာအယ်လ်မူ ဟဂျာ သေဆုံးသွားခဲ့

အမေရိကန်ဒရုန်းယာဉ်တစ်စင်းရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီးရီးယား နိုင်ငံအရှေ့ပိုင်းဒေသတစ်နေရာမှာ အိုင်ဆီးလ်(အိုင်စစ်) ခေါင်းဆောင် အိုဆမာအယ်လ်မူဟဂျာ ဇူလိုင်၈ရက်က သေဆုံးခဲ့တယ်လို့ အမေရိကန်အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်က အတည်ပြု သ တင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်စစ်ဆင်ရေးမှာ မကြာသေး မီက ရုရှားတိုက်လေယာဉ်ကြားဖြတ် နှောက်ယှက်လို့ ပင်လယ်နက်ထဲ ပျက် ကျခဲ့ဖူးတဲ့ အမ်ကျူ၉အက်စ် ဒရုန်းအမျိုး အစားကို သုံးပြီးတိုက်ခိုက်ခဲ့တာ နှစ်နာရီ တောင်မပြည့်ခင်မှာ စစ်ဆင်ရေး ရည် မှန်းချက်ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

ခြိမ်းခြောက်နေဆဲဖြစ်တဲ့ အိုင်စစ်တွေကို ဒီဒေသမှာ ဆက်ပြီးနှိမ်နင်းတိုက်ခိုက်ဖို့ ကျွန်တော်တို့ဖက်က အသင့်ပါပဲလို့ အ မေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်အ

ကြီးအကဲဖြစ်သူ ဗိုလ်ချုပ် မိုက်ကယ်လ် ကူရီလာက ဇူလိုင်၉ရက်မှာ ထုတ် ဖော်ပြောကြားခဲ့ပါတယ်။

ဆီးရီယားမှာ အိုင်စစ်တွေကို ၂၀၁၉ ခု နှစ်မှာ အပြီးအပိုင်ချေမှုန်းနိုင်ခဲ့ပြီ ဆို ပေမယ့် သူပုန်အုပ်စုထိန်းသိမ်းထားတဲ့ နယ်မြေတချို့မှာ လက်ကျန်အုပ်စုဝင်တွေ

ပုန်းခိုနေဆဲလို့ဆိုတယ်။

အမေရိကန်အစိုးရက အထူးတပ်ဖွဲ့ဝင် ၁၀၀၀လောက်ကို ဆီးရီးယားနိုင်ငံမှာ အထိုင်ချပြီး အိုင်စစ်အဖွဲ့ကိုချေမှုန်း သုတ်သင်ဖို့ စောင့်ကြည့်ထောက်လှမ်း ခိုင်းထားတယ်လို့လည်း သိရတယ်။

Ref: Aljazeera

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *