အမေရိကန်က ဂါဇာကမ်းမြောင်ဒေသအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို လေကြောင်းကနေ့ ချပေးဖို့ စီစဉ်

ဝါရှင်တန်၊ မတ် ၂

ဂါဇာကို  ရိက္ခာနဲ့  ထောက်ပံ့ရေးပစ္စည်းတွေ လေကြောင်းကနေ  ဝေငှပေးမည့် အစီအစဉ်ကို  ဂါဇာက လူစည်ကားတဲ့ ကမ်းရိုးတန်းနယ်မြေထဲမှာ ပါလက်စတိုင်းတွေ သေဆုံးပြီးတဲ့နောက် တစ်ရက်အကြာ မတ်လ ၁ရက်မှာ  သမ္မတ ဂျိုးဘိုင်ဒန်က ကြေငြာလိုက်ပါတယ်။

အစီအစဉ်အရ လာမယ့်ရက်တွေမှာထောက်ပံရေး စတင့်မယ်လို့  သိရပေမယ့် အသေးစိတ်အချက်အလက် တွေ ကို မသိရ သေးပါဘူး။

ဂျော်ဒန်နဲ့ ပြင်သစ်တို့ အပါအဝင် အခြားနိုင်ငံတွေကလည်း  ဂါဇာကမ်းမြောင်ကို အကူအညီတွေ ပေးအပ်ပြီး လည်း ဖြစ်ပါတယ်။

ဂါဇာကမ်းမြှောင်မှာ အနည်းဆုံး လူပေါင်း ၅၇၆၀၀၀ ထက်မနည်းတဲ့ လူတွေဟာ အငတ်ဘေးဘေးဆိုက်ဖို့ ခြေတစ်လှမ်းသာ လိုတော့တယ်လို့လည်း  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ပြောဆိုထားပြီးလည်း ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေအနေနဲ့  အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှု စတင်ခဲ့ရာက စခဲ့တဲ့ အစ္စရေးတိုက်ခိုက်မှုကာလ ငါးလထဲမှာ  ဆိုးရွားတဲ့ အခြေအနေတွေနဲ့  ရင်ဆိုင်နေရသလို့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၉ရက်  ကြာသပတေးနေ့ အစောပိုင်းမှာ ဂါဇာမြို့အနီး မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှု့ကြောင့် ပါလက်စတိုင်းအရပ်သား လူ ၁၀၀ ကျော် သေဆုံးခဲ့ကြရတယ်လို့  ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေးကားတွေကို  ဝိုင်းအုံနေတဲ့  လူအုပ်ကြီးထဲက လူတွေ သေဆုံးခဲ့ကြတာဖြစ်ပါတဘ်။

ပါလက်စတိုင်းအများစုဟာ  တိရစ္ဆာန်အစာတွေနဲ့  ရှားစောင်းပင်တွေကို စားသုံးနေကြရပြီး  အာဟာရချို့တဲ့မှု၊ ရေဓာတ်ခန်းခြောက်မှု စတာတွေကြောင့် ဆေးရုံမှာ ကလေးငယ်အများစုသေဆုံးနေကြရတယ်လို့ ဆေးပညာရှင်တွေက ပြောဆိုထားသလို ကုလသမဂ္ဂကလည်း ဂါဇာအတွက်  အကူအညီတွေ ရဖို့ကလည်း ကြီးမားတဲ့အတားအဆီးတွေ ရင်ဆိုင်နေရတယ်လို့ ပြောဆိုထားပါတယ်။

Ref: Reuters

ပုံစာ။  ဂါဇာမှာ နိုင်ငံတကာက အထောက်အပံ့တွေ လေကြောင်းကနေ ကျဲချပေးနေပုံ

Feature Image Credit: AFP

Visited 18 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *