ကိုလံဘီယာနိုင်ငံ မှတ်မှတ်ရရ မေ၁ရက်မှာ ဖြစ်ပွါးခဲ့တဲ့ လေယာဉ်ငယ် တစ်စင်းပျက်ကျမှုဟာ စီးနင်းလိုက်ပါ သွားတဲ့လူကြီးတွေအကုန်သေဆုံးပြီး ကလေး (၄)ယောက် အသက်ရှင်ကျန်ရစ် ခဲ့တဲ့အတွက် သာမန်လေယာဉ်ပျက်ကျ မှုတွေထက်ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့ တယ်။
ပျက်ကျပြီးပျက်စီးသွားတဲ့ လေယာဉ်ငယ် အမေဇုံသစ်တောထဲမှာ သစ်ပင်တွေအကြား ဇက်ကျိုးကျနေတာကို ကယ်ဆယ်ရေးသမား တွေ တွေ့တယ်။ ချိုလိမ်စွပ်ထားတဲ့ ကလေး ရေပုလင်းလေးတစ်လုံး အညစ်အကြေး စွန့်ထားတဲ့ ဒိုက်ပါဘောင်းဘီလေးတစ်ထည်ပြီးတော့ ကလေးခြေရာလေးတွေ တွေ့တယ်။ ဒါပေမယ့် ကလေး (၄)ယောက်ကို အရိပ် အေရာင်တောင်မတွေ့ရဘူး။ပျောက်နေကြ တယ်။
လေယာဉ်အပျက်ပတ်ဝန်းကျင်မှာ ကယ် ဆယ်ရေးသမားတွေပိုက်စိတ်တိုက်ရှာပေ မယ့် တစ်ပတ်လောက်ကြာတဲ့အထိ ကလေး တွေကို မတွေ့ရဘူး။ သူတို့ရဲ့သဲလွန်စတွေ့ရပြီး ဘာလို့များပျောက်နေသလဲ။ကယ်ဆယ်ရေး သမားတွေ ဖြစ်နိုင်ခြေအမျိုးမျိုးကို စဉ်းစားကြည့်ပြီးနောက်ဆုံးအချိန်အထိရှာကြပေ မယ့် မတွေ့လို့ လက်လျော့ပြီး ပြန်ခဲ့ရ တယ်။
ကိုလံဘီယာသမ္မတက စစ်တပ်က အထူး တပ်ဖွဲ့ကို အ ကူအညီတောင်းပြီး နောက် တစ်ခါထပ်ရှာတော့မှ ဇွန် ၉ရက်မှာ ကလေး (၄)ရောက်စလုံးကို ကျန်းကျန်းမာ မာနဲ့ ပြန်တွေ့ခဲ့တာဖြစ်တယ်။ အထူးတပ်ဖွဲ့ အမေဇုန်တောထဲမသွားခင် ကလေးတွေရဲ့ အဖိုးက ပြောတယ်။ သူ့မြေးတွေ ပုန်းနေကြ တာနေမှာတဲ့။
နောက်တစ်ခါရှာတဲ့အချိန်မှာ ကလေး တွေ ရဲ့အဖွားကသူတို့တိုင်းရင်သားဘာ သာစကားနဲ့ပြောတဲ့ အသံဖိုင်ကို ဖွင့်ပြလိုက်လို့ အလုပ် ဖြစ်သွားတာလို့ အထူးတပ်ဖွဲ့ဝင်တွေက ပြော တယ်။ ငါ့မြေးတို့ ဆက်မပြေးဘဲရပ်နေကြလို့ အဖွားက ပြောထားတာလို့ဆိုပါတယ်။ အဖွား စကားနားထောင်လို့ ကလေးတွေကို ပြန်တွေ့တာပါ။
Ref: CNN