အမေဇုန် တည်ထောင်သူ ဂျက်ဖ်ဘီဇို့စ်က  ဒေါ်လီ ပါတန်ကို အမေရီကန်ဒေါ်လာ သန်း၁၀၀ ဂုဏ်ပြုချီးမြှင့်

‌ဒေါ်လီ ပါတန် နဲ့ ဂျက်ဖ်ဘီဇို့စ်
Photo Credit : Getty Images

နယူးယောခ်၊ နိုဝင်ဘာ ၁၄

ကမ္ဘာကျော်အမေဇုန် ကုမ္ပဏီတည်ထောင်သူ ကမ္ဘာ့စတုထ္ထမြောက်အချမ်းသာဆုံး သူဌေး ဂျက်ဖ်ဘီဇို့စ်က အမေရီကန်ကျေးလက်ဂီတကြယ်ပွင့်လည်းဖြစ် ပရဟိတသမားလည်းဖြစ်တဲ့ ဒေါ်လီ ပါတန်ကို  နိုဝင်ဘာ ၁၃ရက်က ဒေါ်လာ သန်း ၁၀၀ (ပေါင် ၈၄ ဒဿမ၈ သန်း) ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အမေဇုန် တည်ထောင်သူ ဟာ သူ  ကာလရှည်လက်တွဲဖော် မစ္စလော်ရန်ဆန်းချက်ဇ် နဲ့အတူ အဆိုပါဆုကို ကြေညာခဲ့တာဖြစ်ပါတယ်။

မစ္စ ဆန်းချက်ဇ်က ပါတန်ဟာ “သူမရဲ့ စိတ်နှလုံးနဲ့ ပေးကမ်းစွန့်ကြဲပြီး သူမရဲ့ လုပ်ငန်းစဥ်တွေတိုင်းကိုလည်း မေတ္တာကရုဏာ နဲ့ဦးဆောင်နေတဲ အမျိုးသမီး” ဆိုပြီးဖော်ပြခဲ့ပါတယ်။

 အခု ချီးမြှင့်လိုက်တဲ့ဆုကို “Bezos Courage & Civility Award”လို့ အမည်ပေးထားပြီး ဆုရဲ့ ရည်ရွယ်ချက်က “ရဲရင့် ယဉ်ကျေးတဲ့ နည်းလမ်းတွေနဲ့ဖြေရှင်းနိုင်တဲ့ ခေါင်းဆောင်တွေကို အသိမှတ်ပြုခြင်း” လို့ ဆိုပါတယ်။

ဆက်ပြီး မစ္စဆန်းချက်က “ဒီဒေါ်လာ သန်း ၁၀၀ ဆုနဲ့  ဒေါ်လီလုပ်မယ့် ကောင်းကျိုးအားလုံးကို မြင်ဖို့ မစောင့်နိုင်တော့ပါဘူး” လို့လည်း ပြောပါတယ်။

ဒေါ်လီ ပါတန်ကလည်း “”ကူညီနိုင်တဲ့ အနေအထားရှိတဲ့လူတွေက သူတို့ရဲ့ နှလုံးသားထဲမှာရှိတဲ့ ပိုက်ဆံတွေနဲ့ ကူညီပေးတာပါ။ ဒီပိုက်ဆံနဲ့ ကောင်းတာလုပ်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။

အဆိုပါဆုကို ၂၀၀၁ ခုနှစ်က စတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သဘာဝဘေးဒဏ်သင့်ဒေသတွေကို စားနပ်ရိက္ခာတွေပံ့ပိုးပေးတဲ့ World Central Kitchen ကို တည်ထောင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဗန်ဂျုန်းစ် နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတက်ကြွလှုပ်ရှားသူ စားဖိုမှူး ဂျို့စ် အန်းဒရက် တို့ကို  စတင်ချီးမြှင့်ခဲ့ကြောင်းလည်း သိရပါတယ်။

ဒေါ်လီကလည်း ပရဟိတလုပ်ငန်းတွေ အများအပြားလုပ်နေသူဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းကကလေးတွေ အတွက် စာအုပ်တွေ အခမဲ့ဖြန့်ဝေပေးတဲ့Dollywood Foundation ကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။

‌ဒါ့အပြင် ကိုဗစ်ကာလတစ်လျှောက် ကာကွယ်ဆေးထိုးကုဖို့ အသံထွက်ထောက်ခံသူလည်းဖြစ်သလို ဒေါ်လီဟာ နက်ရှဗီးက တက္ကသိုလ်ဆေးဘက်ဆိုင်ရာစင်တာကို ကိုရိုနာဗိုင်းရပ် သုတေသနလုပ်ငန်းအတွက် ဒေါ်လာ ၁ သန်းလှူဒါန်းပြီး မိုဒါးနာ ကာကွယ်ဆေးထွက်ပေါ်လာဖို့ ပံ့ပိုးခဲ့သူလည်း ဖြစ်ပါတယ်။

Ref: BBC

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *