အမရာဗိုလ်အတွက် သိန်းခုနှစ်ကျော်ဖိုး မဲ ပေးထားကြ

၁၇ နိုဝင်ဘာ၊၂၀၂၄

Miss Universe Myanmar 2023 အမရာဗိုလ်ကို Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက် 𝗣𝗼𝗽𝘂𝗹𝗮𝗿 𝗩𝗼𝘁𝗲 & 𝗧𝗼𝗽 𝟭𝟭 ထဲသို့ဝင်​ရောက်နိုင်ရန်အတွက် သူ့ကိုအားပေးသူမြန်မာပြည်သူတွေက၃ရက်အတွင်း ငွေကျပ်သိန်း၇ထောင်ခြောက်ရာကျော်မဲ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

(၃) ရက်ပေါင်း Voting အရေအတွက်မှာ ပထမနေ့မှာ (3 K), ဒုတိယနေ့(10 K), တတိယနေ့ (10 K) စုစုပေါင်း (23 K) Vote ဝယ်ယူခဲ့ပြီးဖြစ်ကာကျန်ရှိနေသေးတဲ့ Voting အတွက်ကောက်ခံရရှိငွေများကို ထပ်မံVote များဝယ်ယူမယ်လို့ Miss Universe Myanmarကထုတ်ပြန်ထားပါတယ်။

မဲပေးချင်တဲ့သူတွေကိုMiss Universe Myanmarကနေမဲပေးချင်သူတွေအနေနဲ့မဲဝယ်ဖို့ငွေကို kpayနံပါတ်ကနေလွှဲနိုင်တယ်ဆိုပီးပြောထားပါတယ်။

“ပြည်သူတွေကျပ်တည်းနေချိန်သည်လို ငွေနဲ့မဲပေးခိုင်းတာမဖြစ်သင့်ဘူး ဝင်မပြိုင်သင့်သေးတဲ့အချိန်”လို့ရန်ကုန်မြို့နေသူတဦးကဝေဖန်ပါတယ်။

Miss Universe App တွင် တစ်ဦးလျှင် Free Vote အ​နေဖြင့် 1 vote ပေးနိုင်ပြီး ထပ်မံ Vote လိုပါက3 votes = 1000 ကျပ်နဲ့ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

El Salvador နိုင်ငံမှာ72 ကြိမ်​မြောက်အဖြစ်ကျင်းပမယ့် Miss Universe ပြိုင်ပွဲကြီးမှာမြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ဝင်​ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *