အမရပူရမှာ အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက် သေနတ်နဲ့ပစ်ခံရ

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ ပြည်လုံကျော်ကျေးရွာအုပ်စု၊မင်းစုကျေးရွာ ရွာဝင်လမ်းမှာ မေလ၁၆ရက်နေ့ညနေ၃နာ ရီခန့်က ရွာအတွင်းလမ်းလှျှောက်လာတဲ့ အမျိုးသမီးနှစ်ယောက်နဲ့အမျိုးသားတစ်ယောက်တို့ သေနတ်နဲ့ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘယ်သူတွေက ဘာကြောင့် သေနတ်နဲ့ ပစ် ခတ်သွားရတာလဲဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။

ဖြစ်စဉ်မှာ မေလ၁၆ရက်ညနေ၃နာရီခန့်က အမရပူရမြို့နယ်၊ ပြည်လုံကျော်ကျေးရွာ အုပ်စု၊မင်းစုကျေးရွာ ရွာဝင်လမ်းမှာ အ မည်မသိ အမျိုးသမီးတစ်ယောက်သေနတ် နဲ့ပစ်ခံရတယ်လို့ သိရှိရတာကြောင့် တာ ဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ရာ အမည်မသိအမျိုးသား၃ယောက်တို့ဟာ က လစ်ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ ပစ်ခတ်ခဲ့တာကြောင့် မရတနာဦး (၃၁ နှစ်ခန့်၊ဘုရားကြီးရှေ့မုခ်နေသူ)မှှာ ပါးစပ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံ‌ ဖေါက်ဝင်ဒဏ်ရာ ၁ ချက်တို့နဲ့ အခင်းဖြစ် နေရာမှာ သေဆုံးနေပြီး မသက်စုစုဖြိုး (၃၁ နှစ်ခန့်)ဝဲဘက်လက်‌မောင်းဖောက် ဝင် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊လှိုင်မင်းထက်(ခ)ဖိုးချစ်(၁၈ နှစ်၊ပန်းရံလုပ်၊တောင်ပြုံးနေ သူ)မှာဒဏ်ရာမရရှိခဲ့တာကို စစ်ဆေးတွေ့ ရှိခဲ့ရပြီးအခင်းဖြစ်နေရာအနီးမှာ Luger ကျည်ခွံ(၂)ခုတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *