အမရပူရမှာ သံဃာတော်တစ်ပါး ရေတွင်းထဲ ပြုတ်ကျပြီး ပျံလွန်တော်မူ

မန္တလေးမြို့၊အမရပူရမြို့နယ်၊ မြပုခက် ဘုန်း တော်ကြီးကျောင်းဝန်း အတွင်းရှိ အနက် ပေ ၄၀( ရေအနက်၅ပေ) ရေတွင်းထဲကို သံဃာတော်တစ်ပါး ပြုတ်ကျပြီး ပျံလွန် တော်မူခဲ့ရ တဲ့ဖြစ်စဉ်တစ်ခု ဇွန်လ၂၉ရက် ညနေ၅နာရီခွဲ ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေတွင်းထဲပြုတ်ကျခဲ့တဲ့သံဃာတော်ကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ (မန္တလေးတိုင်းရုံး)က သတင်း ရရခြင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ

ဆောင်ရွက်ပေးခဲ့ပေမယ့် အသက်မဲ့နေတဲ့ ရုပ်အလောင်းကိုသာ ဆယ်ယူရရှိခဲ့ တယ်လို့ သိရပါတယ်။

သံဃာတော်ပြုတ်ကျမှုဖြစ်ပွားခဲ့တဲ့ရေတွင်းဟာ အနက် ပေ၄၀ (ရေအနက်၅ပေ)ရှိတဲ့ ရေတွင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Visited 25 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *