အမရပူရမြို့နယ် ပုထိုးတော်ကြီးဘုရား တောင်ဘက် မုခ်အနီးမှာ ၆ဘီးကား တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

မန္တလေးမြို့၊အမရပူရမြို့နယ်၊ပုထိုးတော်ကြီးဘုရားတောင်ဘက်မုခ်အနီး၊ ကွမ်းသီး တန်းလမ်းပေါ်မှာ ဇွန်လ၂၉ရက်နေ့ လယ်ပိုင်းက ၆ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် ယာဉ် မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

တိမ်းမှောက်မှုဖြစ်ပွားရာကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)က ကူညီကယ်ဆယ်ရေးလုပ် ငန်းတွေ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ယာဉ်မောင်းကို အမရပူ ရမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *