မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ စည်ပင်ကျေး ရွာ၊ ၆၁ လမ်း၊ ၁၄၂လမ်းနဲ့ ၁၄၃ လမ်းကြားမှာရပ်တန့်ထား တဲ့ NISSAN အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်ပေါ်ကနေ ဒေသကာလပေါက်စျေး ငွေကျပ် ၁၆၆၇.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဒီဇင်ဘာ၂၄ရက် မနက်၁၁နာရီ၂၀ မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်း ဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ ဒီဇင်ဘာ၂၄ရက် မနက်၁၁နာရီ၂၀ မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေများနဲ့အတူ အမရပူရမြို့နယ်၊ စည်ပင်ကျေးရွာ၊ ၆၁ လမ်း၊ ၁၄၂လမ်းနဲ့၁၄၃ လမ်းကြားမှာ ရပ်တန့်ထားတဲ့ NISSAN အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဖြိုးဝေယံ(ခ)လွန်ပါး၊ ခမ်းလျှင်းမှုံ တို့နှင့်အတူ ဘိန်းဖြူအလေးချိန် ၁.၈၇ ကီလို(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၄၆၇.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေး ပြား ၈၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တာကြောင့် ဖြိုးဝေယံ(ခ)လွန်ပါး(၂၈)နှစ် နှင့် ခမ်းလျှင်းမှုံ(၂၃)နှစ်တို့ကို မြစ်ငယ်နယ်မြေရဲစခန်းမှာမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။



