အမရပူရမြို့နယ်မှာ ရေတွင်းထဲမှာ အမျိုးသမီးတစ်ဦး ရုပ်အလောင်း ရှာဖွေတွေ့ရှိ

မန္တလေးမြို့၊အမရပူရမြို့နယ်၊မှန်တန်းရပ်ကွက်၊ဝါးတန်းမြောက်ရပ်က ရေတွင်းထဲမှာ ဒီဇင်ဘာ လ၅ရက်မနက်ပိုင်းက အမျိုးသမီးတစ်ဦးရဲ့ရုပ်အလောင်းကို ရှာ ဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးနေတဲ့ အမျိုးသမီးဟာ ရေတွင်းထဲကို ခုန်ချပြီး သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ရေတွင်းထဲ ခုန်ချသေဆုံးသွားသူအမျိုးသမီးရဲ့ ရုပ်အ လောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က သွားရောက်ဆယ်ယူပေးခဲ့ပြီး မေတ္တာမြင့်မိုရ်အသင်း လူနာတင်ယာဉ်နဲ့ အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး) ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *