■မီးလောင်မှုကြောင့် နံကပ်(အုတ်ညှပ်/ပျဥ်ထောင်) နေအိမ် ၃ လုံးနဲ့ဆိုင်ကယ်၁စီး မီးလောင်ဆုံရှုံးခဲ့ရ
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ လေးစုရပ်ကွက်၊ ကံတော်ရပ်မှာ ဖေဖော်ဝါရီလ၉ရက်နံနက်၂နာ
ရီ၄၀မိနစ်က ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နံကပ်(အုတ်ညှပ်/ပျဥ်ထောင်) နေအိမ်၃ လုံးနဲ့ဆိုင်ကယ်၁စီး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။


မီးလောင်မှုဖြစ်စဥ်မှာ ဖေဖော်ဝါရီလ၉ရက်နံနက်၂နာ ရီ၄၀ မိနစ်က အမရပူရမြို့နယ်၊ လေးစုရပ်ကွက်၊ကံတော်ရပ်က ဦး….ရဲ့နေအိမ်အောက်ထပ်ရှိ ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာကနေ မီးလောင်ကျွမ်းမှု စ တင်ဖြစ်ပွားခဲ့ပြီး ဦး….ရဲ့ (၄၀ x ၃၀) ပေ၊ နံကပ်(အုတ်ညှပ်/ ပျဉ်ထောင်) လူနေအိမ် (၁)လုံး၊ဒေါ်…ရဲ့ (၇၀ x ၃၀) ပေ၊ နံကပ်(အုတ်ညှပ်/ ပျဉ်ထောင်) လက်ဖက်ရည်ဆိုင်(၁)ဆိုင်၊ဒေါ်…ရဲ့ (၂၀ x ၂၀)ပေ၊ နံကပ်(အုတ်ညှပ်/ ပျဉ်ထောင်) လူနေအိမ်(၁)လုံးနှနဲ့Dream110ဆိုင်ကယ်တစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး လူနှင့်တိရစ္ဆာန် ထိ ခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို မန္တလေးတိုင်းမီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း ဦးဆောင်ပြီး အုပ်ချုပ်မှုယာဉ်(၁)စီး၊ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁) စီး၊ ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှမ်းကလေးကျွန်း အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ဘုံးအိုးအရန်မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ ယာတော်အရန်မီးသတ်စခန်းမှ ရေသယ် ယာဉ်(၁)စီး စုစုပေါင်း (၁၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးနဲ့ အရန်မီး သတ်တပ်ဖွဲ့ဝင် (၅၀)ဦး စုစုပေါင်း(၇၅)ဦးတို့ ထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ရပြီး မီးပေါ့ဆစွာသုံးစွဲခဲ့သူ ဦး…ကို အ မရပူရမြို့နယ်၊ မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ (၂၈၅)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။



