မန္တလေးမြို့၊အမရပူရမြို့နယ်၊ရတနာပုံတက္ကသိုလ်အနီး၊တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာက နံကပ်၂ထပ်နေအိမ် တစ်အိမ်မှာ သြဂုတ်လ၂၂ရက် ည၁၀နာ ရီ၄၇မိနစ်ကဖယောင်းတိုင်ထွန်းရာကနေ အနီးက ခြင်ထောင်ကို မီးကူးစက်ပြီး မီး လောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး မိသားစုဝင် ၃ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနဲ့နီးစပ်သူတွေဆီက သိရ ပါတယ်။


မီးလောင်မှုကြောင့်လေဖြတ်နေတဲ့ဦး… (၇၀ နှစ်)၊သားသမီးတွေဖြစ်တဲ့ ဦး… (၄၀နှစ်)နဲ့ဒေါ်…(၃၆နှစ်)တို့ အသက် ဆုံးရှုံးခဲ့ရပြီး(၃၅× ၃၀) ပေ၊ နံကပ်(၂) ထပ်၊ လူနေအိမ်(၁)လုံး၊ (၂၀ x ၂၀)ပေ၊ နံကပ်(၂)ထပ် လူနေအိမ်(၁) လုံး၊ CZI ဆိုင်ကယ်(၁)စီးနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ များမှ မီးငြှိမ်းသတ်ယာဉ်များ၊ရေ သယ် ယာဉ်များတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ နှင့်လူမှုရေးအသင်းအဖွဲ့များက အသင်း ဝင်များ ပူးပေါင်းပြီး မီးငြှိမ်းသတ်ပေးခဲ့ရ တယ်လို့လည်း သိရပါတယ်။