အမရပူရမြို့နယ်မှာဦးပိန်တံတား ကြမ်းခင်း ပြိုကျမှုဖြစ်ပွား

အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာ၊ရတနာပုံတက္က သိုလ်ဘက်ခြမ်းက ဦးပိန်တံတားရဲ့ တတိယမြောက်ဇရပ်အနီးက တံတားကြမ်းခင်းဟာ အောက်တိုဘာ လ၂၉ရက်နေ့မွန်းလွဲ၂နာရီ၅မိနစ်က တံတားအောက်ခံဆင့်တန်း ဟောင်း နွမ်းဆွေးမြေ့ပြီး ပြိုကျခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တံတားပြိုကျမှုကြောင့် အမျိုးသား၅ဦးနဲ့အမျိုးသ မီး၂ဦးတို့ပွန်းခြစ်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့လည်း သိရပါတယ်။

တံတားပြိုကျမှုဖြစ်ပွားရာကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့များက သွား ရောက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးခဲ့တယ်လို့သိရပါတယ်။

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *