မန္တလေးမြို့၊အမရပူရမြို့နယ်၊အိုးတော်ရပ်ကွက်ရှိ ရွှေဖောင်တော်ပရဟိတ အ သင်းက လူနာတင်မော်တော်ယာဉ်ကို မေလ၂၃ရက် မွန်းလွဲ၁၂နာရီခွဲခန့်က ပေါက်နဲ့ပခုက္ကူကြားမှာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လုယက်ယူဆောင်သွားခဲ့ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ မေလ၂၃ရက် မွန်းလွဲ၁၂နာ ရီခွဲခန့်က အမရပူရမြို့နယ်၊ အိုးတော်ရပ် ကွက်ရှိ ရွှေဖောင်တော်ပရဟိတအ သင်းမှ မော်တော်ယာဉ်နဲ့ ကျောက် ကပ်လူနာကို မန္တလေးပြည်သူ့ဆေးရုံကြီးကနေ နေရပ်ကို ပြန်လည်ပို့ဆောင်စဉ် ပေါက်မြို့နယ်နဲ့ပခုက္ကူမြို့နယ်အကြားမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ် ဆောင်ပြီးယာဉ်မောင်းနဲ့ အသင်းဝင် နှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး လူနာ တင်မော်တော်ယာဉ်ကို လုယက်ယူ ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
photo– လုယက်ယူဆောင်ခံခဲ့ရတဲ့ လူနာ တင်ယာဉ်