ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်တဲ့ လနဲ့ချီကြာတဲ့ ဆန္ဒပြပွဲမှာ တောင်ကိုးရီးယား ဆရာဝန် ၁၂၀၀၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ အနေအထားဖြစ်နိုင်ပေမယ့် အစိုးရက တာဝန်ယူဖို့ တာဝန်အများကြီးရှိပါတယ်လို့ ဆိုးလ်အမျိုးသားတက္ကသိုလ်က အီးရစ်ခ် မိုဘရန် နဲ့ စင်ကာပူ အမျိုးသား တက္ကသိုလ်က ရီကျင်း ကင်မ် တို့က သီးခြားစီ ဝေဖန်ထောက်ပြခဲ့ကြတယ်။
ဒါကတော့ တောင်ကိုရီးယားနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ အစိုးရအပေါ် သပိတ် မှောက် ဆန္ဒပြနေကြတဲ့ အခြေနေတစ်ရပ်ကနေ ပေါ်ထွက်လာတဲ့ အသံတချို့ပါ။
ဆရာဝန်တွေ အလုပ်က ထွက်သွားတာကို မြင်ရတာ တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ ပုံရိပ်တစ်ခုပါ။ သူ့တိုက လူ့အဖွဲအစည်းအတွက် လိုအပ်တဲ့သူတွေပါ ဆိုပြီလည်း အမည်ဖေါ်ပြမထားတဲ ဆေးဘက်ဆိုင်ရာ အကြီးအကဲတစ်ယောက်က ပြောပါတယ်။
၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီလကစပြီး ဆေးရုံ ၁၀၀ ကျော်က ဆရာဝန် ၁၂၀၀၀ ကျော်ဟာ ဆေးကျောင်းဝင်ခွင့်တိုးမြှင့်ရေး အစိုးရမူဝါဒကို ကန့်ကွက်ဆန္ဒပြခဲ့ကြရာက အခုထိ အုံကြွလာခဲ့တာ ဖြစ်ပါတယ်။။ ဆေးကျောင်းသား၊ အလုပ်သင်ဆရာဝန်တွေ၊ မြို့ခံဆရာဝန်တွေက အရင်ဆုံးဦးဆောင် သပိတ်မှောက်ခဲ့ကြပြီး ဒီနောက်တော့ အကြီးတန်းဆရာဝန်တွေ သာမက ဆေးဘက်ဆိုင်ရာ ပါမောက္ခတွေ အထိ စည်းစည်းလုံးလုံး ပူးပေါင် ပါဝင်လာကြပါတယ်။
ဒီလိုအခိုက်အတန့်မှာ လူအတော်များများကတော့ ဆေးကုသခွင့်တွေ ဆုံးရှုံးခဲရပါတယ်။ ရာနဲ့ချီတဲ့ ခွဲစိတ်ကုသမှုတွေကိုလည်း အချိန်ရွှေ့ပစ်ခဲ့ရတယ်။
ဖြစ်စဉ်ကတော့ ဒီလိုပါ။
၂၀၁၆ခုနှစ်ကစပြီး တောင်ကိုရီးယားမှာ ဆေးကျောင်း ဝင်ခွင့်က တစ်နှစ်ကို၃၀၅၈ ရှိနေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မွန် ဂျေအင် အစိုးရက ၂၀၂၀ခုနှစ်မှာ ဝင်ခွင့် ၄၀၀ ကို ထပ်တိုးဖို့ လုပ်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ သမားတော်တွေ တိုးလာအောင်လို့ ဆိုပါတယ်။
ဒီကိစ္စကို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက လက်မခံနိုင်ကြတာပါ။ ဒါပေမယ့် ကိုဗစ် ကာလမို့လို့ ဆရာဝန်တွေ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ လုပ်အားက အရေးကြီးနေချိန်မို့ အစိုးရဘက်က နောက်ဆုတ်ပေးပေးခဲ့တယ်။ ဒီလိုနဲ့ပဲဆရာဝန်တွေ က အလုပ်ခွင်ကို ပြန်လာကြတာပါ။
အခုတစ်ခေါက် ၂၀၂၄ခုနှစ်မှာတော့ သမ္မတ ယွန်းဆွတ်ယိုးက နှစ်စဉ် ဆေးကျောင်းဝင်ခွင့် ခွဲတမ်းကို ၂၀၀၀ ထပ်တိုးဖို့ အဆိုပြုလာပြန်တယ်။ ပထမအကြိမ် ဝင်ခွင့် ၄၀၀တိုးမယ်ဆိုတာကိုတောင် လက်မခံခဲ့ကြတဲ့ ဆရာဝန်တွေက အခု ၂၀၀၀ဆိုတော့ မီးကုန်ယမ်းကုန် ပေါက်ကွဲကုန်ကြပါတယ်။
တောင်ကိုရီးယားဟာ ဆေးဘက်ဆိုင်ရာ စနစ်မှာ နာမည်ကောင်းရှိတဲ့ နိုင်ငံပါ။ နိုင်ငံတကာကျန်းမာရေးစောင့် ရှောက်မှုအညွှန်းကိန်းအရ ၂၀၂၄ ခုနှစ်အတွက် တောင်ကိုရီးယားရဲ့ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုစနစ်က တစ်ကမ္ဘာလုံးမှာ ဒုတိယအဆင့်လို့ သတ်မှတ်ခံထားရပါတယ်။
အခုတော့ ပြသနာတွေက ပိုပိုပြီး နက်နဲ ရှုပ်ထွေးလာနေပါပြီ။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဘက်က ဘာတွေ ထပ်တိုးတောင်းဆိုလာမလဲ။ အစိုးရကရော လွယ်လွယ်နဲ့အလျှော့ပေးမှာလား အားလုံးကတော့ စောင့်ကြည်နေရုံသာ ရှိပါတော့တယ်။
(CNA မှာ ဖော်ပြထားတဲ့”South Korean doctors’ strike is a medical drama with no heroes” ကို ဆီလျှော်အောင် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။)
ပုံစာ။ လမ်းပေါ်မှာ ဆန္ဒပြနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ
Feature Image Credit: AFP



