အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ မင်းရာဇာကို အလုပ်နဲ့ထောင်၅နှစ်ချမှတ်

မင်းရာဇာ၊ မင်းရာဇာရဲ့ဇနီး နဲ့ မန်နေဂျာ တို့သုံးယောက် ဖမ်းဆီးခံထားရပုံ
ဓါတ်ပုံ။ CJ

ရန်ကုန်၊မတ်၁၃

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်အတွင်းက အသက်မပြည့်သေးတဲ့အိမ်အကူမိန်းခလေးငယ်ကို မတော်မတရားပြုကျင့်မှုနဲ့စပ်လျဉ်းပြီး ဖမ်းဆီးတရားစွဲဆိုထားတဲ့ သရုပ်ဆောင်မင်းရာဇာကို မြောက်ဥက္ကလာပတရားရုံးက မှုဒိန်းမှုနဲ့အတူပူးတွဲအမှုဖွင့်ထားတဲ့ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ ထောင်ဒဏ်၅နှစ်ကျခံစေဖို့ မတ်လ ၁၃ရက်မှာ အမိန့်ချလိုက်တယိလို့သိရပါတယ်။

ဒီပုဒ်မဟာ မင်းရာဇာအပါအဝင် မင်းရာဇာဇနီးနဲ့ မန်နေဂျာဖြစ်သူတို့ကိုပါ ပူးတွဲစွဲဆိုထားတဲ့ ပုဒ်မဖြစ်ပြီး မင်းရာဇာဇနီးနဲ့ မန်နေဂျာ လည်း ထောင်၅နှစ်စီချခဲ့ရပါတယ်။သက်ငယ်မှုဒိန်းမှု ပုဒ်မကို တရားရုံးက စစ်ဆေးနေဆဲရှိနေပါတယ်။

Visited 129 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *