အပူလှိုင်းဖြတ်နေသည့်မန္တလေးတွင် အမျိုးသမီးတစ်ဦး ဈေးချိုမှာ စျေးဝယ်နေရင်း မူးလဲဆုံးပါး

၉ ဧပြီ၊၂၀၂၄

မန္တလေးမြို့ ဈေးချိုဈေးတွင် ယနေ့မနက်ကဈေးလာဝယ်သော အမျိုးသမီးတစ်ဦးသည် မူးလဲကာ ဆုံးပါးသွားသည်။

သူသည် 28-29 × 85-86 လမ်းတွင် ဈေးဝယ်နေရင်း မူးလဲခဲ့သောကြောင့် အနီးနားရှိ ပြည်သူတစ်ဦးက “မဏီစလ ” လူမှုကူညီရေးအသင်း (မန္တလေး) ထံ အကူညီတောင်းခဲ့၍ အသင်းက အရေးပေါ်ကားဖြင့် ထွက်ခွာကူညီပြီး ပြည်သူ့ဆေးရုံကြီး OPD သို့ ပို့ဆောင်စဉ် ဆေးရုံကြီးသို့ ရောက်ရှိချိန်မှာပင် ဆုံးပါးသွားခဲ့သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာတွင် နေပူချိန်မြင့်မားနေ၍ ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးအသိပေးနှိုးဆော်စာဖြင့် လိုက်နာရမည့်အချက်များအား ညွန်ကြားလျှက်ရှိနေသည်။

ရန်ကုန်တွင်လည်း ၎င်းအမျိုးသမီးကဲ့သို့ မဆုံးပါးသော်လည်း မူးလဲသည့် ဖြစ်စဉ် ၂ခုထက်မနည်းရှိနေသည်ကို တွေ့နေရသည်။

သေဆုံးသွားတဲ့ အမျိုးသမီးကို လူနာတင်ယာဉ်နဲ့ သယ်ဆောင်နေစဉ်
Visited 36 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *