အပူဒဏ် ပြင်းထန်နေလို့ ဖိလစ်ပိုင်မှာ ကျောင်းတွေပိတ်ပြီး  အွန်လိုင်းစနစ်နဲ့ သင်ကြားနေရ

မနီလာ၊ ဧပြီ ၂၄

ဖိလစ်ပိုင်နိုင်ငံမှာ အခုလအတွင်း စံချိန်တင် အပူရှိန်ကြောင့် ကျောင်းသူကျောင်းသားတွေကို   ကျောင်းမလာခိုင်းတော့ဘဲ အွန်လိုင်းအတန်းတက်ဖို့ စီစဥ်နေရတယ်လို့ သိရပါတယ်။

ဒါဟာ ကိုဗစ်ကပ်ရောဂါကာလကို အမှတ်ရစေပြီး  လာမယ့်နှစ်တွေမှာလည်း ပိုပြီး ပူပြင်းလာမယ့် အပူရှိန်ကြားက ပညာရေးနှစ်တွေကြားမှာ မညီမျှမှုတွေ ပိုမိုနက်ရှိုင်းလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

အရှေ့တောင် အာရှနိုင်ငံက အစိုးရကျောင်းပေါင်း ၇၀၀၀ က ကျောင်းသားတွေကို အယ်နီညို မိုးလေဝသ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ နေရာအများအပြားမှာ ပုံမှန်မဟုတ်တဲ့  ပူပြင်းလွန်းတဲ့  ရာသီဥတုကြောင့် ပြီးခဲ့ သီတင်းပတ်တွေကတည်းကစ အိမ်ပြန်ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

“တချို့ကျောင်းသားတွေက အိမ်မှာအပူရှိန်ပိုဆိုးလို့ ကျောင်းတက်ရတာ ပိုကြိုက်တယ်လို့ ပြောကြတယ်” လို့ ဆရာမ အီလင်ဒါ အယ်လ်ဖွန်ဆို က ပြောပါတယ်။ သူ့ရဲ့ ကျောင်းသားအများစုဟာ  အနီးနားက ရှန်းတီးမြို့မှာ နေထိုင်ကြသူတွေ ဖြစ်ပြီး  အွန်လိုင်းအတန်းတက်ဖို့ ကြတော့လည်း  အင်တာနက်လိုင်း ချိတ်ဆက်မှု မရှိကြဘူးလို့ ဆရာမက ဆက်ပြောပါတယ်။

ဆရာ ဆရာမတွေကတော့ အင်တာနက်မရှိတဲ့  ကျောင်းသားတွေ အော့ဖ်လိုင်း သင်ခန်းစာတွေ လုပ်ပေးဖို့ ကြိုးစားနေပေမယ့်လည်း ရေရှည်အတွက် မေးခွန်းထုတ်စရာတွေလည်း ကြုံနေရတယ်လို့  ဆရာမ အယ်လ်ဖွန်ဆိုက ပြောဆိုလိုက်ပါတယ်။

Ref: Reuters

ပုံစာ။  အပူရှိန်အောက်မှာ ကျောင်းကပြန်လာကြတဲ့ ဖိလစ်ပိုင်က ကျောင်းသူလေးများ

Feature Image Credit: Gulf News

Visited 60 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *