ဂျေရူဆလမ်၊ အောက်တိုဘာ ၁၆
အီဂျစ်နိုင်ငံအပါအဝင် အဖွဲအစည်းပေါင်းစုံရဲ့ ဂါဇာအပေါ်အပစ်အခတ်ရပ်ဆဲပေးဖို့တောင်းဆို တိုက်တွန်းချက် မှန်သမျှကို အစ္စရေးဘက်က ငြင်းဆို လိုက်တယ်လို့ သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောထားပေမယ့်လည်း အီဂျစ် လုံခြုံရေးသတင်းရင်းမြစ်တွေအရ နိုင်ငံခြား အကူအညီတွေ ပေးပို့ခွင့်ပြုဖို့ သဘောတူညီချက်တစ်ရပ် ရထား တယ်လို့ လည်း ဆိုပါတယ်။
ဟားမတ်စ်အုပ်ချုပ်တဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးဘက်က ဗုံးကြဲတိုက်ခိုက်နေတာနေ့ရောညပါ ဆက်နေပြီး ပဋိ ပက္ခ ကိုးရက်အကြာမှာ အပြင်းထန်ဆုံးတွေပဲ ကြုံရတယ်လို့ ဂါဇာ ဒေသခံတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကြောင့် အီဂျစ်ထိန်းချုပ်ထားတဲ့ ရာဖာ နယ်စပ်ဖြတ်ကျော်မှုကို ပြည်ပနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေ ထွက်ခွာခွင့်ပြုဖို့ရာ အီဂျစ်ဘက် ကပြန်ဖွင့် ပေး ဖို့ ကိုလည်း မျှော်လင့်နေကြပါတယ်။
စားနပ်ရိက္ခာပြတ်လပ်နေတဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အပြည့်အ၀ ပိတ်ဆို့ထားတာမို့ တစ်ခုတည်းသော ထွက် ပေါက်က အီဂျစ်တို့ ပိတ်ထားတဲ့ ရာဖာနယ်စပ် ဂိတ်ပဲဖြစ်ပါတယ်။ အီဂျစ်တို့ရဲ့ သဘောထားကိုတော့ အခုထိ ဘာမှ မသိ ရသေးပါဘူး
အခုဆို ဂါဇာကမ်းမြောင်ကို ပေးပို့ဖို့ နိုင်ငံရပ်ခြားကနေ ပို့ထားတဲ့ တန်ချိန်များစွာသော အကူညီပေးရေးပစ္စည်းတွေက အီဂျစ် နယ်စပ်မှာ စုပုံရောက်နေတယ်လို့ ဆိုပါတယ်။ အီဂျစ်ဘက်က အကြောင်းပြချက်ကတော့ ဗုံးကြဲ တိုက်ခိုက်နေတာမို့ သူတို့ရဲ့ ရာဖာဂိတ်ကို ဖွင့်ပေးပြီး ဖြတ်သန်းခွင့်ပေးဖို့ လောလော ဆယ် မဖြစ်နိုင်ဘူးဆိုပြီး ငြင်းဆန်ထားတယ်လို့ သိရပါ တယ်။
Ref: Reuters/kg
ပုံစာ။ ရာဖာနယ်စပ်ဖြတ်ကျော်ဂိတ်မှာ စောင့်ဆိုင်းနေကြသူများ
Feature Image Credit: Reuters/Ibraheem Abu Mustafa)