ကိုင်ရို၊ ဧပြီ ၁
ဂါဇာက ဟားမတ်စ်ခေါင်းဆောင် တွေနဲ့ အစွရေးတို့အပစ်အခတ်ရပ်စဲရေး သဘောတူညီ ဆွေးနွေးပွဲအသစ် ကို အီဂျစ်မှာ ဆွေး နွေးအပြီး ၂၄ နာရီအတွင်းမှာပဲ ဂါဇာမှာ ပါလက်စတိုင်း ၇၇ ယောက် သေဆုံးခဲ့တယ်လို ကျန်းမာရေးအာဏာပိုင် တွေက တနင်္ဂနွေနေ့ (မတ် ၃၁) က ထုတ်ပြန်ခဲ့ပါတယ်။
ဂါဇာအလယ်ပိုင်းက Al-Aqsa ဆေးရုံဝင်းထဲမှာလည်း အကြီးတန်းအစ္စလာမ္မစ်ဂျီဟတ်စစ်သွေးကြွတစ်ယောက် သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ သူ့နာမည်နဲ့ ရာထူးကို တော့ မဖော်ပြထားဘူးလို့သိရပါတယ်။
“ကွပ်ကဲမှုစင်တာနဲ့ အကြမ်းဖက်သမားတွေကို အတိအကျ လုပ်ကြံနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီစစ်ဆင်ရေးမှာ ဆေးရုံဧရိယာအတွင်းထဲက အရပ်သားတွေကို ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
Al-Aqsa ဆေးရုံ အဆောက်အဦ မပျက်စီးခဲ့သလို ဆေးရုံရဲ့လုပ်ငန်းဆောင်တာကိုလည်း ထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အစ္စလမ္မစ်ဂျီဟတ် စစ်သွေးကြွအဖွဲ့နဲ့ ဟားမတ်စ်ရဲ့ မဟာမိတ်အဖွဲ့ဆီကတော့ ချက်ချင်း မှတ်ချက်ပေးတာ မရှိဘူးလို့ သိရပါတယ်။
ပါလက်စတိုင်းကျန်းမာရေးအရာရှိတွေနဲ့ ဟားမတ်စ်မီဒီယာတွေကတော့ အဲ့ဒိတိုက်ခိုက်မှုကြောင့် Al-Aqsa ဆေးရုံဝင်းထဲကတဲအများအပြားကို ထိမှန်ခဲ့ပြီး လူလေး ယောက်သေဆုံးကာ သတင်းထောက်ငါးဦးအပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြောဆို့ခဲ့ ကြောင်း သိရပါတယ်။
Ref: Reuters
Feature Image Credit:
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြန်အသက်ဝင်လာခဲ့ပေမယ့် ဂါဇာတခွင်မှာ တိုက်ပွဲ တွေ ပိုပြင်းထန်လာ
ကိုင်ရို၊ ဧပြီ ၁
ဂါဇာက ဟားမတ်စ်ခေါင်းဆောင် တွေနဲ့ အစွရေးတို့အပစ်အခတ်ရပ်စဲရေး သဘောတူညီ ဆွေးနွေးပွဲအသစ် ကို အီဂျစ်မှာ ဆွေး နွေးအပြီး ၂၄ နာရီအတွင်းမှာပဲ ဂါဇာမှာ ပါလက်စတိုင်း ၇၇ ယောက် သေဆုံးခဲ့တယ်လို ကျန်းမာရေးအာဏာပိုင် တွေက တနင်္ဂနွေနေ့ (မတ် ၃၁) က ထုတ်ပြန်ခဲ့ပါတယ်။
ဂါဇာအလယ်ပိုင်းက Al-Aqsa ဆေးရုံဝင်းထဲမှာလည်း အကြီးတန်းအစ္စလာမ္မစ်ဂျီဟတ်စစ်သွေးကြွတစ်ယောက် သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ သူ့နာမည်နဲ့ ရာထူးကို တော့ မဖော်ပြထားဘူးလို့သိရပါတယ်။
“ကွပ်ကဲမှုစင်တာနဲ့ အကြမ်းဖက်သမားတွေကို အတိအကျ လုပ်ကြံနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီစစ်ဆင်ရေးမှာ ဆေးရုံဧရိယာအတွင်းထဲက အရပ်သားတွေကို ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
Al-Aqsa ဆေးရုံ အဆောက်အဦ မပျက်စီးခဲ့သလို ဆေးရုံရဲ့လုပ်ငန်းဆောင်တာကိုလည်း ထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အစ္စလမ္မစ်ဂျီဟတ် စစ်သွေးကြွအဖွဲ့နဲ့ ဟားမတ်စ်ရဲ့ မဟာမိတ်အဖွဲ့ဆီကတော့ ချက်ချင်း မှတ်ချက်ပေးတာ မရှိဘူးလို့ သိရပါတယ်။
ပါလက်စတိုင်းကျန်းမာရေးအရာရှိတွေနဲ့ ဟားမတ်စ်မီဒီယာတွေကတော့ အဲ့ဒိတိုက်ခိုက်မှုကြောင့် Al-Aqsa ဆေးရုံဝင်းထဲကတဲအများအပြားကို ထိမှန်ခဲ့ပြီး လူလေး ယောက်သေဆုံးကာ သတင်းထောက်ငါးဦးအပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြောဆို့ခဲ့ ကြောင်း သိရပါတယ်။
Ref: Reuters
Feature Image Credit: AFP



