အပစ်ရပ်စဲရေးအတွက် အစ္စရေးအဆိုပြုချက်ကို သမ္မတဘိုင်ဒန်က ဖော်ပြခဲ့အပြီး ဟားမတ်စ်ကလည်း ဖြစ်နိုင်ခြေရှိနိုင်တယ်လို့ တုန့်ပြန်

ဝါရှင်တန်၊ ဂျွန် ၁

ဂါဇာက အစ္စရေးဓားစာခံတွေ လွတ်မြောက်ဖို့အရေးအတွက် တုံ့ပြန်တဲ့အနေနဲ့ ဂါဇာမှာ အစ္စရေ အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးသုံးဆင့် ကို  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေလ ၃၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပထမအဆင့်က အစ္စရေးတပ်ဖွဲ့တွေ ဂါဇာကမ်းမြောင်ဒေသအားလုံးကနေ ဆုတ်ခွာသွားပြီး ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပါတယ်။ အဲဒိကာလမှာ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ အပါအဝင် ဓားစာခံတချို့ကို ပါလက်စတိုင်းအကျဉ်းသား ရာချီနဲ့  လဲလှယ်ပြီး လွှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒီအချိန်မှာ  တစ်နေ့ကို  ထရပ်ကားအစီးရေ ၆၀၀စာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပျက်ဆီးသွားတဲ့ နယ်မြေတွေဆီ သယ်ဆောင်လာမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့် ကတော့ အတိအကျ မသတ်မှတ်နိုင်သေးတဲ့ ကာလမှာ   ဟားမတ်စ်နဲ့အစ္စရေးတို့ကြား ဆွေးနွေးပွဲတွေ ဆက်လက်ရှိနေသရွေ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရေး သဘောတူညီချက်တွေကို ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

တတိယအဆင့်မှာ ဂါဇာကမ်းမြောင်ဒေသအတွက် အဓိက ပြန်လည်တည်ဆောက်ရေး အစီအစဉ်တစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။

ဂါဇာပဋိပက္ခကိုရပ်တန့်ဖို့  ရွေးကောက်ပွဲနှစ်မှာ ဖိအားပေးခံနေရတဲ့ သမ္မတ ဘိုင်ဒန်က “ဒီစစ်ပွဲပြီးဆုံးပြီး နောက်နေ့စဖို့ အချိန်တန်ပြီ” လို့  ပြောပါတယ်။ ခုချိန်မှာ  ဂါဇာကမ်းမြောင်ဒေသပဋိပက္ခက ရှစ်လကြာခဲ့ပြီ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကလည်း  “ဒီအခိုက်အတန့်ကို ဆုပ်ကိုင်ပြီး ဒီပဋိပက္ခကို အဆုံးသတ်လိုက်ကြရအောင်” လို့ ဆိုပါတယ်။

ဆိုခဲ့တဲ့ ကြေညာချက်အပြီး  ဟားမတ်စ်ဘက်ကလည်း  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အစ္စရေးရဲ့  လမ်းပြမြေပုံကို အပြုသဘောဆောင်တယ်လို့  ယူဆတဲ့အကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ ဂါဇာရဲ့ ဒီနေ့ မြင်ကွင်းတချို့

Feature Image Credit: AP

Visited 25 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *