အန်ဘီအေကြယ်ပွင့်ကစားသမား ဂျိမ်းစ် ဟာဒန်ရဲ့  တိုက်ရိုက်ထုတ်လွှင့်မှု စက္ကန့်ပိုင်းထဲမှာ ဝိုင်ပုလင်း ၁၀၀၀၀ရောင်းချခဲ့ရ

အန်ဘီအေ ဘတ်စကက်ဘော သမား ဂျိမ်းစ် ဟာဒန်
Photo Credit: Timothy Nwachukwu/Getty Images

ဖီလာဒဲဗီးယား၊ ဩဂုတ် ၁၇

အန်ဘီအေ ဘတ်စ်ကက်ဘော ကြယ်ပွင့် ဂျိမ်းစ် ဟာဒန်ရဲ့ သူ့ကိုယ်ပိုင်အမှတ်တံဆပ် ဝိုင်ပုလင်းတွေကို တရုတ်နိုင်ငံအတွက် သီးသန့် တိုက်ရိုက်ထုတ်လွှင့်ရောင်းချတဲ့ အစီအစဥ်( Chinese livestream ) ရဲ့ စက္ကန့်ပိုင်းထဲမှာ တရုတ်ပရိသတ်တွေက ဝိုင် ပုလင်း ၁၀၀၀၀ ဝယ်ယူလိုက်တဲ့ သတင်းဟာ ဒီနေ အများ စိတ်အဝင်စားဆုံး သတင်း ဖြစ်နေတယ်လို့ သိရပါတယ်။

ဂျိမ်းစ် ဟာဒန်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ဝိုင်ပုလင်းတွေကို  စက္ကန့်ပိုင်းအတွင်း တရုတ်ပရိသတ်တွေက ဝယ်ယူအားပေး လိုက် တာဟာ တရုတ်နိုင်ငံမှာဘတ်စကက်ဘောပရိသတ်တွေ သန်းနဲ့ချီ တိုးလာတာ ကို ပြလိုက်တာ ဖြစ်ပြီး   နိုင်ငံထဲမှာ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ပရိသတ်တွေကထုထည် ကြီးမားလာတာကို မြင်လိုက်ရတာလို့ အကဲခတ်သူတွေက မှတ်ချက် ပေးနေကြပါတယ်။

မကြာသေးတဲ့ နှစ်တွေကစပြီး  တရုတ်နိုင်ငံမှာ  Livestream စျေးဝယ်တဲ့ အလေ့အထက ရေပန်းစားလာခဲ့ပြီး ဒေါ်လာဘီလီ ယံပေါင်းများစွာတန်တဲ့  လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဈေးရောင်းတာနဲ့ ဖျော်ဖြေ‌ရေးကို အချိုးကျကျပေါင်းစပ် ထားတာမို့ လူတွေ က သဘောအရမ်းကျကြတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကြည့်နေတဲ့သူတွေက streamer ဆီက နေ ကုန်ပစ္စည်းတွေကို လိုရင်လိုသလို ချက်ချင်း မြန်မြန်ဆန်ဆန် ဝယ်နိုင်တဲ့ အချက်ကလည်း အရေးပါတယ်လို့ ပြောပါ တယ်။

ဟာဒန်ရဲ့  တိုက်ရိုက်ထုတ်လွှင့်မှုဟာ  တရုတ်လူမှုကွန်ရက်မီဒီယာမှာ  ရေပန်းစားနေပြီး တချို့ပရိသတ်တွေကဆို အန်ဘီအေ မှာထက်  တရုတ်ပြည်မှာြပီး ကစားရင် ပိုပြီး အကျိုးအမြတ်တွေ ရမယ်လိုတောင် နောက်ပြောင် နေကြတယ်လို့ သိရ ပါတယ်။

Ref:CNN

Feature Image Credit: Wine Spectator

Leave a Reply

Your email address will not be published. Required fields are marked *