အဒါနီဂရုပ်က သူ့ရဲ့  မြန်မာနိုင်ငံက ဆိပ်ကမ်းစီမံကိန်းကို ကန်ဒေါ်လာသန်း၃၀ အထိ ဈေးလျှော့ပြီး ရောင်းထုတ်

ဘန်ဂါလူရူ၊ မေ ၄

အိန္ဒိယနိုင်ငံရဲ့ အဒါနီ  ဆိပ်ကမ်းတွေနဲ့  အထူးစီးပွားရေးဇုန် လီမိတက် (APSE.NS) ဟာ မြန်မာနိုင်ငံက ထွက်ခွါဖို့ အတွက် သူရဲ့ဆိပ်ကမ်းကို တန်ဖိုးထက် ကန်ဒေါ်လာ သန်း ၃၀ အထိ လျှော့ချပြီး အရှုံးခံ ရောင်းချလိုက်တယ်လို့ အဒါနီ ဘက်က တာဝန်ရှိသူတွေက မေ ၄ရက် ကြာသပတေးနေ့က ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။  ခုရောင်းချခဲ့တဲ့ဈေးက စီမံကိန်း အ တွက် သုံးစွဲထားတဲ့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုထက် သိသိသာသာ နည်းပါးတယ် ဆိုတဲ့ အကြောင်းလည်း ပြောဆိုထားပါတယ်။

အဒါနီကုမ္ပဏီ ( Adani Group) က  မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပြီးတဲ့နောက် ၂၀၂၂ ခုနှစ် မေလက စပြီး ရောင်းချမယ့် အကြောင်း တရားဝင် ထုတ်ပြောခဲ့ပေမယ့် ပရောဂျက် ရဲ့ လုပ်ငန်း ပြီးစီးမှု အခြေအနေ တွေအပါအဝင် အခြားအခြေနေတွေကြောင့် အပြီးသတ် အကောင်အထည် ဖော်နိုင်တာမျိုး မရှိခဲ့ ပါဘူး။

အဒါနီဆိပ်ကမ်းဟာ ၂၀၂၂ မှာ မြန်မာနိုင်ငံကနေ အပြီးအပြတ် ထွက်ခွာနိုင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် အခက်အခဲ တချို့ ကြောင့် နောက်ဆုံးမှာ ဝယ်ယူသူ Solar Energy Ltd နဲ့ ထပ်မံ ညှိနှိုင်းခဲ့ကြပြီး  အပြီးသတ်မှာတော့  ဒေါ်လာသန်း ၃၀ အထိကို လျှော့ ချပြီး သဘောတူ ရောင်းချဖို့ လုပ်ခဲ့တာလို့ဆိုပါတယ်။

ဒီနေ့အထိတော့  ဝယ်ယူတဲ့ ကုမ္ပဏီက ဘယ်မှာ အခြေစိုက်သလည်း ဆိုတာကတော့ သတင်းထွက်ပေါ်လာတာ မရှိသေး ပါဘူး။

ကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံမှုတွေ အနေနဲ့ မြေငှားရမ်းခအတွက် ဒေါ်လာ သန်း ၉၀ ကို ကြိုတင်ပေးချေထားတာ အပါ အဝင် စီမံကိန်းအတွက်ကိုတော့ ကုမ္ပဏီ ဒေါ်လာ ၁၂၇ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ အကြောင်း သိရပါတယ်။

Ref: Reuters

Leave a Reply

Your email address will not be published. Required fields are marked *