အထောက်အထားမဲ့မြန်မာ ၉၉ ယောက်ဟာ ထိုင်းနိုင်ငံ၊ လယောင်းခရိုင်ထဲက ဘုန်းကြီး ကျောင်းတစ် ကျောင်းမှာ ယာယီတည်းခိုနေကြတဲ့အချိန် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။
အဲဒီ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် ပွဲစားနဲ့ဆက်သွယ်ပြီးတော့ တရားမဝင်လမ်းကြောင်းကနေ သွားတဲ့သူတွေ ဖြစ်ပါတယ်။
သူတို့ကို ပွဲစားက အလုပ်ရုံတွေမှာ အလုပ်ရမယ်လို့ ပြောတာပြီး ဘုန်းကြီးကျောင်းကနေ ခဏ စောင့်ခိုင်းတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ လယောင်းခရိုင်၊ လယောင်းမြို့၊ သဖုံကျေးရွာအထဲမှာရှိတဲ့ အဲဒီ ဘုန်းကြီးကျောင်းမှာ လူစုလူဝေးလုပ်နေတာကို ဒေသခံထိုင်းနိုင်ငံသားတွေက သက်ဆိုင်ရာအာဏာပိုင်တွေကို တိုင်ကြားလိုက်တာကြောင့် အဖမ်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။