အထီးနဲ့ပေါင်းသင်းနေထိုင်ခြင်းမရှိဘဲ သားပေါက်တဲ့ မိကျောင်းမ

ဘယ်သတ္တဝါမဆို အထီးနဲ့အမ ပေါင်း ပြီး မျိုးပွားကြစမြဲပါ။ ဒါပေမယ့် ချွင်းချက် အနေနဲ့ အထီးမပါဘဲ မျိုးပွါးနိုင်တဲ့ ငှက်၊ငါးနဲ့ တွားသွားသတဝါ တချို့တော့ရှိကြတယ်လို့ သတ္တဗေဒပညာရှင်တွေ လေ့လာတွေ့ ရှိထားကြတယ်။

၂၀၁၈ခုနှစ်မှာ ကော့စတာရီကာနိုင်ငံက မိကျောင်းမတစ်ကောင် အထီးမပါဘဲ သား ပေါက်ခဲ့တာကတော့ မဖြစ်နိုင်တဲ့ ကိစ္စလို့ ထင်ချင်စရာကြီးပါ။ မိကျောင်းကန်က တာ ဝန်ရှိသူတွေဟာ အဲဒီမိကျောင်းမကို အ

သက်၂နှစ်အရွယ်ကတည်းက အထီးနဲ့ အတူမထားဘဲ သီသန့်ခွဲပြီးနေစေခဲ့ရာက သူ့အသက် ၁၈နှစ်မှာ ဥအုပါလေရော။

ဘဲလ်ဖတ်စ်မြို့ဖွားဒေါက်တာဝါရင်ဘုသ်ကို တိရိစ္ဆာန်ရုံက အကျိုးအကြောင်းပြောပြ လိုက်တော့ အံ့ဩသွားတယ်။ သူလာကြည့် ပြီးတော့ စစ်ဆေးမှတ်တမ်းတင်တယ်။ မိကျောင်းမရဲ့ဥကို ဆက်ပြီးစောင့်ကြည့်

နေတဲ့အခါ ထူးခြားလာတာတွေ့ရပြီး နောက် ဆုံးမှာ အကောင်ပေါက်လာတယ်။

အဲဒီမိကျောင်းပေါက်လေးကို မျိုးရိုးဗီဇ စစ်ဆေးကြည့်လိုက်တော့ မိကျောင်းမကြီး ရဲ့မျိုးရိုးဗီဇနဲ့ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း တူညီနေတာတွေ့ရတယ်။

တွေ့ရှိရတဲ့ရလဒ်အပေါ်အခြေခံပြီးမိကျောင်း တချို့ မှာလည်း အပျိုစင်သားဖွားမှုရှိနိုင် တယ်လို့ ဝါရင်ဘုသ်က သူ့ရဲ့သုတေသနစာ တမ်းထဲမှာ အတည်ပြုခဲ့တယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *