အထက်အညာဒေသ မန္တလေးက လူသိများ ထင်ရှားတဲ့ အိုးပုတ်ပွဲတော်

အထက်အညာဒေသမှာ ထင်ရှားတဲ့ပွဲတော်များစွာရှိတဲ့ထဲက တစ်နှစ်မှာတစ်လ တစ် လမှာတစ်ရက်တည်း ကျင်းပတဲ့ အိုးပုတ်ပွဲ တော်ကို လာမယ့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ဝါခေါင်လဆန်း၈ရက်၊သြဂုတ်လ၂၄ရက်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့ နယ်၊အိုးဘို၊ ရွှေကျင်ရပ်ကွက်၊ အကွက် (၅၂)ပတ္တမြားတောရပ်ကွက်မှာ ကျင်းပ သွားမယ်လို့ သိရပါတယ်။

အိုးပုတ်ပွဲတော်ဟာ ဘယ်အချိန်ကစလုပ်ခဲ့တယ်ဆိုတာကို မသိရပေမယ့် မင်းတုန်းမင်း လက်ထက်ကတည်းက ကျင်းပလာတော့ဆိုတော့ မင်းတုန်းမင်းနန်းစံသက်အရ တွက် မယ်ဆိုရင် အိုးပုတ်ပွဲတော်ကျင်းပလာတာ ဟာ နှစ်ပေါင်း၁၅၀လောက်ရှိပြီဖြစ်ပါ တယ်။

အိုးပုတ်ပွဲတော်နဲ့ဆက်စပ်တဲ့ပွဲတော်ကြီးနှစ်ခုရှိပါတယ်။အဲ့ဒီပွဲတော်တွေကတော့ မင်း ကွန်းဒေသက ကျွန်းပင်မောင်နှမနတ်ပွဲနဲ့ တောင်ပြုံးဒေသက တောင်ပြုံးမင်းညီနောင် နတ်ပွဲတို့ပဲဖြစ်ပါတယ်။

အထက်အညာဒေသက ဈေးသည်တွေဟာရှေးဘုရင်များလက်ထက်ကတည်းက ရိုးရာမပျက်နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ ကျွန်းပင်မောင်နှမနတ်ပွဲနဲ့ တောင်ပြုံးမင်း ညီနောင်နတ်ပွဲတွေမှာ ဈေး လာရောင်းချလေ့ရှိပါတယ်။အဲဒီနတ်ပွဲနှစ်ခုလုံးဟာ နှစ်စဉ်ဝါခေါင်လဆန်းမှာ ကျင်း ပတာဖြစ်ပြီး ကျွန်းပင်မောင်နှမနတ်ပွဲဟာ ဝါခေါင်လဆန်း၁ရက်ကနေ၆ရက်နေ့အထိ ခြောက်ရက်တိုင်တိုင်ကျင်းပတာဖြစ်ပြီး တောင်ပြုံးမင်းညီနောင်နတ်ပွဲကတော့ ဝါ ခေါင်လဆန်း၈ရက်ကနေ့ဝါခေါင်ပြည့် ကျော်၁ရက်နေ့အထိ ၈ရက်ကြာ ကျင်းပ တာဖြစ်ပါတယ်။

ရှေးဘုရင်များလက်ထက်က ကုန်လမ်းခရီးထက် ရေလမ်းခရီးကို အားထားပြီး အဲ့ဒီနတ်ပွဲ နှစ်ခုကိုဈေးလာရောင်းတဲ့ဈေးသည်တွေဟာ နတ်ပွဲနှစ်ခုကျင်းပတဲ့ချိန်ကာလနှစ်ခုကြား မှာ အားနေတဲ့ ဝါခေါင်လဆန်း ၇ရက်နဲ့ ၈ ရက်တို့မှာ ကျွန်းပင်မောင်နှမပွဲကနေတောင်ပြုံးပွဲကို ဈေးသွားရောင်းဖို့ ရေကြောင်း ခရီးကနေလာကြရင်း ဧရာဝတီမြစ်နဲ့တောင်ပြုံး ရွာကို သွားတဲ့ရွှေတချောင်းမြောင်းဆုံရာ နေရာဖြစ်တဲ့ အိုးဘိုရပ်မှှာ ခရီးတစ် ထောက်နားပြီး ဈေးရောင်းပေးရာကနေ လူ သိများ စည်ကားလာပြီး ယနေ့ခေတ်ကာလ မှာ ကျော်ကြားလာတဲ့ အိုးပုတ်ပွဲတော် ဖြစ် လာတာပဲဖြစ်ပါတယ်။

အိုးပုတ်ပွဲတော်လို့အမည်တွင်လာရတဲ့ အကြောင်းအရင်းကလည်း ပွဲတော်ကျင်းပ လေ့ရှိတဲ့နေရာကလည်း ရှေးအခါက အိုး လုပ်ငန်းများလုပ်ကိုင်ရာ အိုးဖိုများ တည်ရှိ တဲ့ အိုးဘိုရပ်ဖြစ်တဲ့အပြင် တောင်ပြုံးပွဲကို ဈေးသွားရောင်းမယ့် အိုးများထွက်ရှိရာ ရွှေဘို-ကျောက်မြောင်း-နွယ်ငြိမ်းဘက်က ဈေးသည်တွေ ခရီးတစ်ထောက်နားကြတဲ့ အတွက် အိုးသည်တွေ၊ကလေးကစားစရာ အိုးပုတ်သည်တွေက ကျန်ဈေးသည်တွေ ထက် ပိုမိုများပြားတာကြောင့် အိုးပုတ်ပွဲ တော်ဆိုပြီး တဖြည်းဖြည်းနဲ့ လူသိများ ထင် ရှားလာတာပဲဖြစ်ပါတယ်။

အိုးပုတ်ပွဲတော်မှာ အိုးပုတ်သည်တွေအပြင်မုန့်ခေါပြင်၊မုန့်သိုင်းခြုံ၊ ဌာပနာထုပ်၊မုန့်ရေ ပါး၊ မုန့်လင်မယား၊ကျောက်ကျော၊ ဆနွင်း မကင်းစတဲ့ မြန်မာ့ရိုးရာမုန့်မျိုးစုံရောင်းတဲ့ ဈေးသည်တွေ၊မြန်မာမှုကလေးကစားစရာအရုပ်သည်တွေနဲ့ခုနောက်ပိုင်းမှာ အိုးပုတ်ပွဲ ရောက်အမှတ်သငေ်္ကတတစ်ခုဖြစ်လာ တဲ့ကျောက်ခက်ပန်းရောင်းတဲ့ဈေးသည်တွေရှိပါတယ်။

အိုးပုတ်ပွဲတော်မှာ ဈေးလာရောင်းတဲ့ အိုး ပုတ်သည်တွေအပါအဝင် ဈေးသည်တွေဟာ ဝါခေါင်လဆန်း၈ရက်နေ့မနက်ကနေ ညနေ ပိုင်းအထိသာ ဈေးဆိုင်များခင်းကျင်း ရောင်းချကြပြီးနောက် ဝါခေါင်လဆန်း ၉ ရက်နေ့မှာ တောင်ပြုံးပွဲတော်ကို သွားပြီး ဈေးရောင်းကြမှာဖြစ်ပါတယ်။

အိုးပုတ်ပွဲတော်ရဲ့အစည်ကားဆုံးအချိန်ကတော့ ဝါခေါင်လဆန်း၈ရက်နေ့ ညနေပိုင်းမှာဖြစ်ပါတယ်။အိုးပုတ်ပွဲတော်ကို မည်သူကမှဦးဆောင်ကျင်းပတာ မဟုတ်ဘဲ အိုးသည် တွေနဲ့အိုးပုတ်သည်တွေအပါအဝင် ဈေး သည်တွေ ခရီးတထောက်နားရင်း စုပြီးဈေး ရောင်းကြရင်း လူသိများထင်ရှားလာခဲ့ရာ ကနေ ဒီနေ့ခေတ်မှာ လူသိများထင်ရှားတဲ့ အိုးပုတ်ပွဲတော်ဆိုတာဖြစ်လာခဲ့ရတာပါ။

အိုးပုတ်ပွဲတော်ကို လာရောက်လည်ပတ်ကြ တဲ့အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေ ကိုပွဲတော်ကျင်းပရာ အိုးဘိုရွှေကျင်ရပ်မှာ နေထိုင်တဲ့သူတွေရဲ့ ဧည့်ှဝတ်ကျေပွန်မှု တစ်ခုအနေနဲ့ ပွဲဈေးခင်းရှိတဲ့နေရာက နေ အိမ်တွေက ကြာဇံဟင်း၊မုန့်ဟင်းခါး၊ ငှက် ပျောပေါင်း၊ဆနွင်းမကင်းစတဲ့ စားစရာမုန့် မျိုးစုံကို ဖိတ်ကျွေးလေ့ရှိတဲ့ ချစ်စရာ ကောင်းတဲ့ဓလေ့တစ်ခုကလည်း ယနေ့ထက် တိုင်ရှိနေဆဲပဲဖြစ်ပါတယ်။

ယခုနှစ်မှာတော့ အထက်အညာဒေသ မန္တလေးက လူသိများထင်ရှားတဲ့ အိုး ပုတ်ပွဲတော်ကို သြဂုတ်၂၃ရက်နဲ့၂၄ရက် တို့မှာ ကျင်းပသွားမယ်လို့ သိရပြီး ပွဲတော်ရဲ့ အဓိကကျတဲ့ရက်ကတော့ ဝါလဆန်း၈ရက် နေ့ဖြစ်တဲ့သြဂုတ်လ၂၄ရက်နေ့ပဲဖြစ်ပါတယ်။

ဒါကြောင့် တစ်နှစ်မှာတစ်လ တစ်လမှာ တစ်ရက် တစ်ရက်မှတစ်ညနေခင်းလေး သာ ကျင်းပလေ့ရှိတဲ့ မန္တလေးက အိုးပုတ် ပွဲတော် နောင်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ခိုင်မြဲပါစေလို့ ဆန္ဒပြုလျှက်

Leave a Reply

Your email address will not be published. Required fields are marked *