တောင်ပြုံးပွဲလို့ ဆိုလိုက်တာနဲ့ အထက်အ ညာဒေသမှာ အစည်ကားဆုံးပွဲတော် ဆိုတာ စာဖတ်ပရိသတ်သတ်တွေ သိကြပြီး သားဖြစ်ပါတယ်။
တောင်ပြုံးပွဲတော်ကျင်းပတဲ့ကာလကို ရောက်လာပြီဆိုရင်မြန်မာနိုင်ငံအထက် ပိုင်းကရော၊အောက်ပိုင်းကရော တောင်ပြုံး ပွဲတော်ကြီးကို ကိုးကွယ်ယုံကြည်မှုဆိုင် ရာအရရလာကြတဲ့သူတွေ၊အစဉ်အလာအရ လာကြတဲ့သူတွေ၊တောင်ပြုံးမင်းညီနောင်ကိုပန်းဆက်ရင်းမိမိတို့ရဲ့စီးပွားရေးတိုးတက်ဖို့ လာဆုတောင်းကြတဲ့သူတွေ၊နတ်က တော်တွေ၊နတ်ကတော်မိန်းမလျာတွေ၊ မိန်းမလျာတွေ၊ပျော်ချင်ပါးချင်လို့ လာ ကြတဲ့သူတွေနဲ့၁၂ပွဲဈေးသည်တွေကြောင့် အထူးစည်ကားလှတဲ့ပွဲတော်ကြီးတစ်ခု ဖြစ်ပါတယ်။






တောင်ပြုံးပွဲတော်ကြီးဟာ အနော်ရထာမင်း လက်ထက်ကတည်းက ယနေ့ထက်တိုင် နှစ်စဉ်ဝါခေါင်လဆန်း၈ရက်ကနေ ဝါ ခေါင်လပြည့်ကျော်အထိ ကျင်းပလေ့ရှိ ပါတယ်။
တောင်ပြုံးပွဲသမိုင်းကြောင်းကို စာဖတ် ပရိသတ်တော်တော်များများ အနေနဲ့ သိ ပြီးသား ဖြစ်ကြပေမယ့် မသိကြသေးတဲ့ စာ ဖတ်ပရိသတ်တွေအကျဉ်းချုပ်ပြီး အနည်း ငယ်တင်ပြသွားမှာဖြစ်ပါတယ်။






အနော်ရထာမင်းလက်ထက်က တောင် ပြုံးရပ်မှာ ဘုရားတည်ဖို့အတွက် ပြည်သူ တွေအနေနဲ့ လူတစ်ယောက်ကို အုတ်တစ် ချပ်၊သဲတစ်ပွင့် ပါဝင်ကုသိုလ်ပြုဖို့ အမိန့် တော်ချခဲ့မှတ်ခဲ့ပါတယ်။တောင်ပြုံးရပ် မှာနေတဲ့ ပြည်သူတွေအားလုံးက ရှင် ဘုရင်ရဲ့အမိန့်တော်ကို လိုက်နာခဲ့ကြပေ မယ့် အပျော်အပါးမက်ကြတဲ့ တောင်ပြုံး မင်းညီနောင်နှစ်ပါးဟာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်စီ ကုသိုလ်ပြုဖို့ ပျက်ကွက်ခဲ့ကြပါတယ်။
ဒါကြောင့် တောင်ပြုံးမင်းညီနောင်လို့ ခေါ်ဆိုနေကြတဲ့ ရွှေဖျင်းကြီးနဲ့ ရွှေဖျင်းလေးတို့ဟာ မင်းပြစ်မင်းဒဏ် သင့်ပြီးကွပ်မျက်ခံခဲ့ရကာ နတ်စိမ်းတွေ ဖြစ်ခဲ့ကြတာကို အနော်ရထာမင်းက သိရှိ ပြီး တောင်ပြုံးရပ်ကို အပိုင်စားပေးသနားခဲ့ ရာကနေ တောင်ပြုံးမင်းညီနောင်ကို ကိုး ကွယ်ယုံကြည်ကြသူတွေက အနော်ရထာ မင်းလက်ထက်ကတည်းက တောင်ပြုံးပွဲ တော်ကြီးကို ယနေ့တိုင် အစဉ်အဆက် လက်ဆင့်ကမ်း ကျင်းပလာခဲ့ကြတာပဲဖြစ်ပါတယ်။






တောင်ပြုံးပွဲတော်ကို နှစ်စဉ် ဝါခေါင်လ ဆန်း၈ရက်ကနေ ဝါခေါင်လပြည့်ကျော် အထိကျင်းပလာခဲ့ကြပါတယ်။ တောင်ပြုံးပွဲ တော်မှာ ဆုတောင်းပြည့်ဘုရားဗုဒ္ဓပူဇနိ ယပွဲတော်နဲ့တောင်ပြုံးအရှင်နှစ်ပါးပွဲ တော်တို့ကို ကျင်းပခဲ့ကြတာဖြစ်ပြီး ဗုဒ္ဓပူ ဇနိယပွဲတော်ကတော့ ဝါခေါင်လပြည့်နေ့ မှာ ဘုရားအမှူးပြုသော သံ ဃာတော်အ ရှင်သူမြတ်များကို ဆွမ်း၊ဆွမ်းဟင်းနဲ့ လှူဖွယ်ပစ္စည်များလောင်းလှူကြတာပါ။အရှင်နှစ်ပါးပွဲတော်ကတောာ ဝါခေါင် လဆန်း ၈ရက်နှင့်၉ရက်တို့မှာ ကန် တော့ခံပွဲ၊ ဝါခေါင်လဆန်း၁၀ရက်မှာ ညီလာခံဝင်ပွဲ၊ဝါခေါင်လဆန်း၁၁ရက်မှာ ချိုးရေတော်သုံးပွဲ၊ ဝါခေါင်လဆန်း ၁၂ ရက်မှာနန်းတက်ပွဲ၊ ဝါခေါင်လဆန်း ၁၃ ရက်မှာယုန်ထိုးပွဲ၊ ဝါခေါင်လဆန်း ၁၄ ရက်မှာထိမ်ပင်ခုတ်ပွဲ၊ ဝါခေါင်လဆန်း ၁၅ ရက်မှာပခန်းမင်းပို့ပွဲနှင့်ဝါခေါင် လပြည့်ကျော် တစ်ရက်မှာ ရွှေဘုံဆင်း ပွဲတို့ပဲဖြစ်ပါတယ်။ရက်အလိုက်ကျင်းပတဲ့ပွဲတွေထဲမှာ ချိုးရေတော်သုံးပွဲကျင်းပတဲ့ ရက်ကတော့လူအစည်းကားဆုံးရက်ပဲဖြစ်ပါတယ်။



နှစ်စဉ်အစဉ်အလာမပျက်ကျင်းပမြဲဖြစ်တဲ့တောင်ပြုံးပွဲတော်ကို Covid19 ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၀ခုနှစ်နဲ့ ၂၀၂၁ခုနှစ်တို့မှာ ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၂ခုနှစ်မှစတင်ပြီး ပြန်လည်ကျင်းပ ခဲ့ကာ ယခု ၂၀၂၃ခုနှစ်မှာကတော့ ပြီးခဲ့တဲ့ နှစ်ကထက် မင်းနှစ်ပါးကိုးကွယ်ယုံ ကြည် သူတွေလာရောက်မှုပိုမိုများပြားခဲ့ တယ်လို့ သိရပါတယ်။
၂၀၂၃ခုနှစ်မှာကျင်းပခဲ့တဲ့ တောင်ပြုံးပွဲ တော်မှာ ဇာတ်ပွဲများ၊ရုပ်ရှင်ရုံများ၊ မျက်လှည့်ပွဲများ၊စတန့်ပွဲများ မပါဝင် ခဲ့ပေမယ့် ၁၂ပွဲဈေးသည်များ၊မြန်မာမုန့် အမျိုးမျိုးအရောင်းဆိုင် များ၊စားသောက် ဆိုင်များ၊လူသုံးကုန်ပစ္စည်းဆိုင်များ၊အဝတ်အထည်ဆိုင်များ၊ ကလေးကစားစရာ ပစ္စည်းအရောင်းဆိုင်များ၊မြေထည် ပစ္စည်းဆိုင်များ၊အအေးဆိုင်များ လာရောက်ဖွင့်လှစ်ရောင်းချခဲ့ကြပါတယ်။



“တောင်ပြုံးပွဲဟာ အထက်အညာဒေသမှာကျင်းပတဲ့ပွဲတော်တွေထဲမှာ အစည်ကား ဆုံးပွဲတော်တစ်ခုပါ။ကိုဗစ်စကတည်းက တောင်ပြုံးပွဲတော်နားထားခဲ့ပြီး နန်းရင်းကို မလာမဖြစ်ပူဇော်ပသတဲ့သူတွေနဲ့ အကျဉ်း ရုံးပြီး လုပ်ခဲ့ရတာပါ။မနှစ်ကစပြီး ပွဲတော် ကျင်းပခွင့်ရခဲ့ပေမယ့် သိပ်မစည်ခဲ့ပါ ဘူး။ ဒီနှစ်ကတော့ တော်တော်လေး စည် လာတယ်။အနယ်အရပ်ရပ်က မင်းနှစ် ပါးကို လာရောက်ပူဇော်ပသတွေ လာ ကြတာတော်တော်များပါတယ်။ပျော်ပွဲ ရွှင်ပွဲတွေ မပါပေမယ့် တောင်ပြုံးပွဲမှာ ဈေးလာရောင်းနေကြ ဈေးသည်တွေ လာရောင်းခဲ့ကြပါတယ်´´လို့ တောင်ပြုံးကြီးကျေးရွာနေပြည်သူတစ်ဦးက ပြောပါတယ်။





ခေတ်တွေဘယ်လိုပဲပြောင်းလာပါစေ အ ခက်အခဲအတားအဆီးမျိုးစုံကြုံတွေ့ရပါ စေ အနယ်နယ်အရပ်ရပ်က တောင်ပြုံးမင်း ညီနောင်အပေါ် ကိုးကွယ်ယုံကြည်သူတွေ ကြောင့် အထက်အညာဒေသက တောင်ပြုံး ပွဲတော်ကြီးဟာ နောင်နှစ်ပေါင်းများစွာ တိုင်အောင် အထက်အညာဒေသရဲ့ အ စည်ကားဆုံးပွဲတော်ကြီးအဖြစ် တည်ရှိနေ ဦးမှာ ဖြစ်ပါတယ်။