အထက်မြန်မာပြည်လက်ဝှေ့ချန်ပီယံဟောင်း အောင်အောင်ထွန်း(မန္တလေး)ကွယ်လွန်

အထက်မြန်မာပြည်လက်ဝှေ့ချန်ပီယံဟောင်း အောင်အောင်ထွန်း(မန္တလေး)ဟာ အောက်တိုဘာလ၁၂ရက်နေ့မနက်၃နာရီက ၉၆ပါးရောဂါနဲ့ ဘားအံမြို့မှာ ကွယ်လွန်သွားတယ်လို့ မြန်မာ့လက်ဝှေ့အသိုင်းအဝိုင်းက သိရပါတယ်။

အောင်အောင်ထွန်း(မန္တလေး)ဟာ ကွယ်လွန်ချိန်မှာ အသက် ၅၁နှစ်အရွယ်ကို ရောက်ရှိနေပြီး နာတာရှည်ရောဂါဝေဒနာကို ခံစားနေရသူဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့နေ မြန်မာ့ရိုးရာပထမတန်း လက်ဝှေ့ကျော်ကျားသစ် ဦးရဲအောင်နဲ့ဒေါ်တင်ရွှေ တို့ရဲ့သား ၊ ပထမတန်း လက်ဝှေ့ကျော် သူရရဲအောင်ရဲ့အစ်ကို၊ဒေါ်နန်းမူယာသိန်းထူးရဲ့ခင်ပွန်းဖြစ်ပြီး တစ်ချိန် မြန်မာ့လက်ဝှေ့လောကမှာ အောင်အောင်ထွန်း(မန္တလေး)နဲ့ မြန်မာပြည်ချန်ပီယံရွှေဓူဝံတို့ရဲ့ လက်ဝှေ့တွဲဆိုင်းဟာ လက်ဝှေ့ချစ်ပရိသတ်များရဲ့အကြိုက်ဆုံး လက်​ဝှေ့တွဲဆိုင်းဖြစ်ခဲ့ဖူးပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *