အဆိုတော် Ah Boy က ကျန်းမာရေးမကောင်းသောဇနီးအား ပြုစုပေးနေသူပန်းချီ ဦးဌေးကြည်ထံမှ ငွေကျပ် ၁၀ သိန်းဖိုးရှိ ပန်းချီကားများကိုဝယ်ယူခဲ့

အဆိုတော် Ah Boy က ကျန်းမာရေးမကောင်းသော ဇနီးအား ပြုစုပေးနေသူပန်းချီ ဦးဌေးကြည်ထံမှ ငွေကျပ် ၁၀ သိန်းဖိုးရှိ ပန်းချီကားများကိုဝယ်ယူခဲ့ကြောင်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ငွေပေးဝယ်လို့မရဘူး ဆိုတာ အသက်ကြီးလာလေ ပိုသိလာလေပါပဲ၊ ဘာရယ်မဟုတ်ပါဘူး ဒီတိုင်းစဉ်းစားမိတာလေး တစ်ခုမို့ ကျွန်တော့် အမျိုးသမီး နှစ်သက်လောက်မယ့် ပန်းချီကားလေး ဝယ်ပေးဖို့ရယ်၊ကျွန်တော်တို့ Amazing Auto Company အနေနဲ့ နိုင်ငံခြား ခရီးသွားဖို့ရှိတဲ့အတွက် အလုပ် Partner တွေကို မြန်မာပြည်တွင်းဖြစ် လက်ဆောင်လေးတွေပေးဖို့ အတွက် ပန်းချီဆရာ ဦးဌေးကြည် ဆီမှ ပန်းချီကားများ ၁၂ ချပ် (၁၀ သိန်း တန်ဖိုး) သွားရောက်အားပေးဖြစ်ပါတယ်”ဟု ယင်းက ရေးသားထားခြင်း ဖြစ်သည်။

ပန်းချီ ဦးဌေးကြည် အနေဖြင့် သူ၏ဇနီး ကျန်းမာရေးမကောင်း ဖြစ်နေသူအား ပြုစုနေသည်မှာ ၁၅ နှစ်ကျော် ကြာပြီဟုလည်း သိရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *