ရော့ခ်ဘုရင်ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော် အီတိုး အကျဉ်းထောင်က လွတ်မြောက်နေသည်မှာ ၄ လ ခန့်ကြာနေပြီဖြစ်ကြောင်း သိရသည်။
အီတိုးမှာ ပုဒ်မ ၅၀၅(က) ဖြင့် ထောင်သုံးနှစ် ချခံထားရသူ ဖြစ်ပြီး မကြာသေးမီ ရက်ပိုင်းကမှ လူမြင်ကွင်းကို ဖခင်ဖြစ်သူ နှင့် မိသားစုလိုက် အပြင်ထွက်၍ ဆိုင်ထိုင်ခဲ့ကြကြောင်းလည်း သိရသည်။
အီတိုး၏ အမည်ရင်းမှာ ဝင်းထွဋ်သော်တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၈ ရက်က အဖမ်းခံခဲ့ရပြီးမောက်၂၀၂၁ အောက်တိုဘာလ ၁၉ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းဖြင့် ပြန်လွတ်လာခဲ့ပြီးနောက် ၂၀၂၁ အောက်တိုဘာလ ၂၀ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ နေအိမ်၌ ပြန်လည် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
ယင်းနောက် ၂၀၂၂ ခုနှစ် သြဂုတ်လ ၃ ရက်က ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။