အဆိုတော် လီလီနိုင်ကျော် ၏ နောက်ဆုံးခရီး

သရုပ်ဆောင် အဆိုတော် လီလီနိုင်ကျော်ကို ယနေ့ ဇွန်လ ၈ ရက်တွင် အမှတ်(၁)တပ်မတော်ကုတင်(၁၀၀၀)စစ်​ဆေးရုံ ၏ဆေးရုံအတွင်းရှိ ငြိမ်းအေး ဇရပ်မှပို့ဆောင် သင်္ဂြိုဟ် ခဲ့ကြောင်း သိရသည်။

လုပ်ကြံပစ်ခတ်ခံရသောဒဏ်ရာကိုဆေးကုသမှုခံယူနေရစဉ် ဇွန်လ ၆ ရက် နံနက် ၆နာရီခန့်ကတပ်မတော်ကုတင် ၁၀၀၀ ဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၃၀ ရက် ည ၇ နာရီခန့်အချိန်က အပြင်မှ ကားဖြင့်ပြန်လာ‌သော လီလီနိုင်ကျော်အား PDF က နေအိမ်ရှေ့အရောက်တွင်၏ ချောင်းမြောင်းပစ်ခတ် ခဲ့ရာလက်ယာပါးကျည်ဖောက်ဝင်ဒဏ်ရာ ရ ရှိခဲ့ခြင်းဖြစ်သည်။

ယင်းကို ပစ်ခတ်လုပ်ကြံခဲ့သူများကို ဖမ်းဆီးရမိထားကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *