ဒဗ္ဗလင်။ ဇူလိုင် ၂၇
“Nothing Compare 2 U” သီချင်းနဲ့ ကမ္ဘာတစ်ခုလုံးမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အိုင်းရစ်အဆိုတော် ရှနီ အို ကောနား တစ်ယောက် အသက်၅၆ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။
ဂီတသက်တမ်းတစ်လျှောက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့သလို အငြင်းပွားမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ရှုပ်ထွေး ခဲ့ရ တဲ့ အဆိုတော်ဟာ ဇူလိုင် ၂၆ရက် ဗုဒ္ဓဟူးနေ့က ကွယ်လွန်ခဲ့တာပါ။ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ လူသိရှင်ကြား ထုတ် ဖော် ပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
ရှနိ ဟာ စိတ်ခံစားမှုဝေဒနာကို ဖြတ်ကျော်နေတဲ့သူလည်း ဖြစ်ပါတယ်။ အကြောင်းက လွန်ခဲ့တဲ့ နှစ် ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်နေ့က သားဖြစ်သူ ရှိန်း တစ်ယောက် သူ့ကိုယ်သူ သေကြောင်းကြံပြီး သေဆုံးသွားတဲ့ အဖြစ်ဆိုးက ရှနိအတွက် ပြင်း ထန် တဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်နေခဲ့တာပါ။
“သူက ငါ့ရဲ့ ခြွင်းချက်မရှိ ချစ်ရတဲ့ တစ်ဦးတည်းသောသူ တစ်ယောက်ပါ” ဆိုတဲ့ စာကိုလည်း အဲ့ဒိကာလက လူမှုကွန် ယက်မှာ ရေးတင်ခဲ့ဖူးပါတယ်
ရှနိဟာ အိမ်ထောင်လေးဆက်ကျပြီးသားသမီးလေးယောက်ရှိပါတယ်။ အိမ်ထောင်လေးဆက်လုံးနဲ့လည်း သူ အဆင် အပြေကြီးမဟုတ်ခဲ့ဘူးလို့ သူနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေက ပြောပါတယ်။
ရှနိတစ်ယောက် ၂၀၂၂ကတည်းက ကြေကွဲစရာတွေအပြင် ကျန်းမာရေးပြဿနာတွေကိုပါ ရင်ဆိုင်နေရသူပါ။ သူ့ရဲ့ ဆယ့်ခုနစ်နှစ်အရွယ်သားဖြစ်တဲ့ ရှိန်း အို ကောနားရဲ့ အလောင်းကို ပျောက်ဆုံးပြီး နှစ်ရက်နေမှ ရှာတွေ့ခဲ့ကြရတာပါ။ “ကျွန်မရဲ့ လှပတဲ့သားလေး Nevi’im Nesta Ali Shane O’Connor က ဒီနေ့ သူ့ရဲ့ ရုန်းကန်မှုတွေကို အဆုံးသတ်ဖို့ ဆုံး ဖြတ်ခဲ့ပြီး အခု ဘုရားသခင်နဲ့အတူ ရှိနေပါပြီ။ ငြိမ်သက်စွာ အနားယူပါစေ၊ ဘယ်သူမှ သူ့စံနမူနာကို မလိုက်ပါစေနဲ့” ဆိုပြီး တွစ်တာမှာ ရေးခဲ့ပါတယ်။ အခုတော့ သူချစ်တဲ့ သားနောက်ကို ရှနိ အို ကောနား တစ်ယောက် လိုက်သွားခဲ့ပါပြီ။ ကောင်းမွန်ရာမှာ ခိုနားနိုင်ပါစေလို့ပဲ ဆုတောင်းပေးကြရမှာဖြစ်ပါတယ်။
Ref: HOLLYWOOD LIFE