အဆိုတော်လီလီနိုင်ကျော်ကို သတ်ခဲ့သူ နှစ်ယောက် သေနတ်ထိမှန်ဒဏ်ရာ များနဲ့သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊မောင်းမကန် လမ်းအနီးမှာ ဇူလိုင်လ၇ရက်ည၁၁နာရီ ခန့်က အဆိုတော်လီလီနိုင်ကျော်ကို လုပ် ကြံသတ်ဖြတ်ခဲ့တာကြောင့် ဖမ်းဆီးခံထား ရတဲ့သူနှစ်ယောက်ဖြစ်တဲ့ကောင်းဇာနည် ဟိန်း(ခ)လပြည့်ဦး(ခ)ကောင်းကောင်း (၂၃နှစ်)နဲ့ကျော်သူရ(ခ)အီးတီ(၃၀နှစ်)တို့ဟာ လုံခြုံရေးတပ်ဖွဲ့ကို တွန်းထိုး တိုက် ခိုက်ပြီး ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ် ဖမ်းဆီးရာကနေ သေဆုံးသွားခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရ ပါတယ်။

ဖြစ်စဉ်မှာ အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် ဖမ်းဆီးခံ ထားရတဲ့သူနှစ်ယောက်ဖြစ်တဲ့ ကောင်း ဇာနည်ဟိန်း(ခ)လပြည့်ဦး(ခ)ကောင်း ကောင်း(၂၃နှစ်)နဲ့ကျော်သူရ(ခ)အီးတီ

(၃၀နှစ်)တို့ဟာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန် လမ်းအနီးက ရေမြောင်းအတွင်းမှာ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းများ သို

ဝှက်ထားတယ်လို့ ဝန်ခံထွက်ဆိုခဲ့တာ ကြောင့် သူတို့နှစ်ယောက်နဲ့အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လက်နက်နဲ့ဖောက်ခွဲ ရေးပစ္စည်းများဖွက်ထားရာနေရာကို ဇူလိုင်လ၇ရက်ည၁၁နာရီခန့်က သွား ရောက်ယူဆောင်ခဲ့ရာကောင်းဇာနည် ဟိန်းနဲ့ကျော်သူရတို့ဟာ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကို တွန်းထိုးတိုက်ခိုက် ထွက်ပြေး ခဲ့ပြီး ရပ်တန့်မှုမရှိတာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဦး(ခ) ကောင်းကောင်းမှာ ဝဲဘက်ကျောဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ခါးနောက်ပိုင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက် ဇတ်ပိုးဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ ကျော်သူရ(ခ)အီးတီမှာ ဝဲဘက်ဇာတ်ပိုး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနောက်ကျ ောဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဆီးခုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ အသီးသီး ရရှိပြီး အခင်းဖြစ်နေရာမှာ သေဆုံး သွားခဲ့တာလို့ သိရပါတယ်။

အခင်းဖြစ်နေရာမှာ FGC 9 သေနတ် ၁လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၉ တောင့်၊ တရုတ်လက်ပစ်ဗုံး ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး သေဆုံးသူ ၂ ဦးကို ရဲဆေးစာနဲ့ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)ကို ပို့ဆောင်ခဲ့ တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *