မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက် မှုနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာ မျက်နှာမှတဆင့် နစကအစိုးရကို ဝေ ဖန်ပြစ်တင်ခဲ့တဲ့ အဆိုတော်ဗျူဟာကိုအင်း စိန်ထောင်တွင်းတရားရုံးကနေ ထောင် ဒဏ်နှစ်၂၀ချမှတ်ခံခဲ့ရတယ်လို့ အဆို တော်ဗျူဟာရဲ့မိသားစုအသိုင်းအဝိုင်းကနေ သိရပါတယ်။
အဆိုတော်ဗျူဟာ ပြီးခဲ့တဲ့မေလ၂၃ရက်ညပိုင်းမှာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ မှတဆင့် မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ပတ်သက်ပြီး နစက အစိုးရကို ဝေဖန်ပြစ်တင်ခဲ့တဲ့အတွက် မြောက်ဒဂုံမြို့နယ် ၄၈ရပ်ကွက် ဗထူး အိမ်ရာ(၂)ကနေအိမ်မှာ ညတွင်းချင်း ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှု ဖွင့်ခံခဲ့ရကာ ယခုအခါမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)နဲ့ အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်နှစ်၂၀ချမှတ်ခံခဲ့ရတာလို့ သိရပါတယ်။