- ဒေသတွင်း စစ်မီးတိုးလာမယ်အန္တရာယ်ကို အားလုံးစိုးရိမ်နေ
ဂျေရုဆလင်၊ ဩဂုတ် ၂၆
ဟစ်ဇ်ဘိုလာအဖွဲ့က ဩဂုတ် ၂၅ ရက် အစောပိုင်းမှာ အစ္စရေးနိုင်ငံထဲကို ရာနဲ့ချီတဲ့ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးဘက်ကလည်း ဂျက်တိုက်လေယာဉ် တွေနဲ့ ပြန်ပြီး ခုခံခဲ့တယ်လို့ သိရပါတယ်။
ဒုံးကျည်တွေက အရုဏ်တက် ကောင်းကင်ယံမှာ လွင့်ပျံနေသလို အစ္စရေးဘက်မှာလည်း လေကြောင်းရန်ကာကွယ်ရေး သတိပေးဥဩသံတွေ တစ်မြို့လုံးဆူညံနေခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၂၅ရက် တနင်္ဂနွေညနေပိုင်းကလည်း အစ္စရေးနိုင်ငံအလယ်ပိုင်း Rishon Letsiyonဒေသမှာ ဥသြသံတွေထွက်လာပြီးအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာကမ်းမြောင်တောင်ပိုင်းက ဖြတ်ဝင်လာတဲ့ ဒုံးကျည်တစ်စင်းကို အဖွင့်ဧရိယာထဲမှာပဲ ပြုတ်ကျအောင် တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ဒါဟာ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ရဲ့ M90 ဒုံးကျည်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဂါဇာစစ်ပွဲနဲ့ အပြိုင် စပြီး ပေါ်လာခဲ့တဲ့ ဟစ်ဇ်ဘိုလာရဲ့ ကျောထောက်နောက်ခံ အီရန်နဲ့ အစ္စရေးရဲ့ အဓိက မဟာမိတ် အမေရိကန်တို့ရဲ့ ပါဝင်ပတ်သက်မှုတွေက ဒေသတွင်း ဆူပူအုံကြွတဲ့ အခြေစိုက်သွားမယ့် အန္တရာယ်က ရှိနေပြီလို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောနေကြတဲ့ အကြောင်း သိရပါတယ်။
Ref: AFP
ပုံစာ။ ဟားမတ်စ်အဖွဲ့က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို တွေ့ရပုံ
Feature Image Credit: Al Jazeera



