အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး အကောင် အထည်ပေါ်လာ အစ္စရေးဓားစာခံ သုံးယောက် လွတ်မြောက်လာပြီးနောက် ပါလက်စတိုင်း အကျဉ်းသား ၉၀ ကို ပြန်လွှတ်ပေး

ဂါဇာ၊ ဇန်နဝါရီ ၂၀

 နှစ်ဘက် အပစ်ရပ်ရေး သဘောတူညီချက်  ပထမခြေလှမ်းမှာပဲ အစ္စရေးဓားစာခံ သုံးယောက် ပြန်လွတ်မြောက်လာပြီး သူတို့ရဲ့ မိခင်တွေနဲ့ ပြန်ဆုံဆည်းခဲ့ကြပြီ ဖြစ်ပါတယ်။ အလားတူ အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဥ်းသား ၉၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

တဲလဗစ် မြို့မှာ ရာနဲ့ချီတဲ့  အစ္စရေးတို့ဟာ ဂါဇာက ကာကွယ်ရေးဌာနချုပ်အပြင်ဘက် ရင်ပြင်တစ်ခုမှာ ရာနှင့်ချီတဲ့ ဟားမတ်စ်  တိုက်ခိုက်ရေးသမားတွေ ဝိုင်းရံထားတဲ့  ကြက်ခြေနီယာဉ်ထဲကိုဓားစာခံသုံးယောက် ဝင်လာတဲ့ ဗီဒီယိုကို ကြည့်ခဲ့ပါတယ်။

လွတ်မြောက်လာတဲ့ ရိုမီ၊ ဒိုရွန် နဲ့ အမ်မလီ တို့ဟာ သူတို့ မိခင်တွေနဲ့ ပြန်လည်ဆုံတွေ့ကြပြီး ကျန်းမာရေးကောင်းမွန်ကြောင်းကို ပြသတဲ့  ဗီဒီယိုကိုလည်း ပြသခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

“ရိုမီ၊ ဒိုရွန်နဲ့ အမ်မလီ မင်းတို့ကို တစ်တိုင်းပြည်လုံးက ပွေ့ဖက်ထားတယ်။ အိမ်ကနေ ကြိုဆိုပါတယ်”ဆိုပြီး ဝန်ကြီးချုပ်  ဘန်ဂျမင် နေတန်ရာဟုက တပ်မှူးတစ်ဦးဆီကတစ်ဆင့်  ဖုန်းအားပေးစကားပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို ဟားမတ်စ်တို့ရဲ့  စီးနင်းတိုက်ခိုက်မှုမှာ အစ္စရေး၂၅၀ ကျော် ပြန်ပေးဆွဲခံရပြီး ၁၂၀၀ သေဆုံးခဲ့တယ်လို့  အစ္စရေးက ပြောပါတယ်။

Ref: AFP

ပုံစာ။ လွတ်မြောက်လာတဲ့ ဓါးစာခံ သုံးယောက်ကို မိသားစုနဲ့ တွေရပုံ

Feature Image credit: Israeli Government Press Office via AFP)

Visited 37 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *