အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး ဆက်ညှိနှိုင်း မရတဲ့နောက် တိုက်ခိုက်မှုတွေ ပြန်စ

ဂါဇာ၊ ဒီဇင်ဘာ ၂

ဂါဇာကမ်းမြှောင်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ အပစ်ရပ်စဲရေး ၇ရက် သဘောတူညီမှု ပြီးဆုံးသွားတဲ့နောက် ဆက်ညှိနှိုင်း မရ ခဲ့ဘဲ အစ္စရေးဘက်က တိုက်ခိုက်မှု တွေ ပြန်ပြီးစလာခဲ့တယ်လို့ သိရပါတယ်။

ဂါဇာက ဟားမတ်စ်အဖွဲ့ကြီးမှူးတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ အစ္စရေးရဲ့ တစ်ကြော့ပြန် တိုက်ခိုက်မှုထဲမှာ  အနည်းဆုံး လူ ၁၇၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးနှင့် ဟားမတ်စ်တို့ဟာ  အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုး သဘောတူညီချက်ရဖို့ ပျက်ကွက်မှုအတွက် အချင်း ချင်း ပြန်ပြီးအပြစ်တင်နေကြတယ်လို့လည်း ဆိုပါတယ်။

“ကမ္ဘာမြေရဲ့ ငရဲ ဟာ ဂါဇာကမ်းမြောင်ကို  ပြန်ရောက်လာပါပြီ” လို့့လည်း ဂါဇာကမ်းမြောင်ဒေသရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောဆိုလိုက်ပါတယ်။။

ဒီနေ့မှာတော့   ဂါဇာတောင်ပိုင်းက ကန် ယူနစ် ရဲ့အရှေ့ဘက်ဒေသတွေဟာ  တိုက်ခိုက်မှုတွေ ပိုခံခဲ့ရသလို အစ္စရေးတိုက တောင်ဘက်ရာဖာမြို့ကို  ရွှေ့ပြောင်းသွားကြဖို့  အမိန့်ပေးထားတဲ့ လက်ကမ်းစာစောင်တွေကို လည်း ကြဲချခဲ့ပါတယ်။

ဟားမတ်စ်နဲ့ တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ပြီးသွားတဲ့နောက် သက်တမ်းတိုးဖို့  ဆွေးနွေးညှိနှိုင်းမရဘဲ  ဂါဇာမှာ တိုက်ပွဲတွေ  ပြန်ဖြစ်လာတာ  ဒီဇင်ဘာ ၂ စနေနေ့မှာဆို   ဒုတိယရက်ကို ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

Ref: Reuters/gs

ပုံစာ။ ဒီဇင်ဘာ ၁ရက် တိုက်ခိုက်မှုအပြီး တွေရတဲ့ ဂါဇာဒေသ

Feature Image Credit: REUTERS/Mohammed Salem

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *