ဂါဇာ/ဂျေရုဆလင်၊ နိုဝင်ဘာ ၃၀
အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ သူတို့ စစ်ပွဲအပစ်အခတ်ရပ်စဲရေးကို အနည်းဆုံး တစ်ရက် ထပ်ပြီးသက်တမ်းတိုးဖို့ ခြောက် ရက်ကြာ အပစ်အခတ်ရပ်စဲရေး မကုန်ဆုံးခင် မိနစ်ပိုင်းအလို နိုဝင်ဘာ ၃၀ ကြာသပတေးနေ့မှာ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ အစ္စရေး ဓားစာခံတွေထပ်ပြီး လွတ်လာဖို့ စေ့စပ်ညှိ နှိုင်းသူ တွေက ကြိုးပမ်းနေချိန်မှာ နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကို ဆက်လုပ်သွားမယ့်အကြောင်း အစ္စရေးစစ်တပ်က ထုတ် ပြန်ခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးဟာ ကနဦးလေးရက်ကနေ သက်တမ်းတိုးခဲ့တာဖြစ်ပြီး “ဓားစာခံတွေ ပြန်လွှတ်ပေးရေး လုပ်ငန်းစဉ် ကို ဆက်လုပ်သွားဖို့ ဖျန်ဖြေသူတွေရဲ့ ကြိုးပမ်းမှုနဲ့အညီ မူဘောင်စည်းမျဉ်းတွေနဲ့ စစ်ဆင်ရေး ခေတ္တရပ်နားမှုကို ဆက်လက် လုပ်ဆောင်သွားပါမယ်” ဆိုပြီး ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းမကုန်ဆုံးမီ မိနစ်ပိုင်းအလိုမှာ ထုတ်ပြန်ခဲ့တဲ့ အစ္စ ရေး ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၉ရက် မှာတော့ပါလက်စတိုင်း အကျဉ်းသား အယောက် ၃၀ အတွက် ဓားစာခံ ၁၆ ယောက်ကို လွှတ်ပေးခဲ့အပြီး ဟားမတ်စ်ကလည်း အပစ်အခတ် ရပ်စဲရေးကို ခုနစ်ရက်အထိ ဆက် လုပ်သွားမယ်လို့ ကြေငြာချက်ပြန်ထုတ်လိုက် ပါ တယ်။
အစ္စရေးဘက်ကတော့ အပစ်အခတ်ရပ်ဆဲရေးကို ၁၀ရက်ထက်တော့ ပိုလုပ်မှာ မဟုတ်လို့ တရားဝင်ကြေငြာထားတာဖြစ်လို့ စေစပ်နေသူတွေရော၊ ပါလက်စတိုင်းပြည်သူတွေပါ ထိတ်လန့်နေကြရဆဲလို့ သိရပါတယ်။
Ref: Reuters/lk/zl
ပုံစာ။ အစ္စရေးစားစာခံတွေကို ပြန်လိုက်ပို့နေတဲ့ ပါလက်စတိုင်းအဖွဲ့
Feature Image Credit: Reuters/Alexander Ermochenko)



