အစ္စရေး-ဟားမတ်စ် ပဋိပက္ခ နဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ ရပ်တည်ချက်တွေ ရှိနေတာမို့ အာစီယံ အနေနဲ့ ဘာထုတ်ပြန် ချက်မှ ထွက်မလာနိုင်သေး

စင်္ကာပူ၊ အောက်တိုဘာ ၁၈

အာစီယံ အဖွဲ့ဝင်တွေ ကြားထဲမှာ တစ်နိုင်ငံနဲ့  တစ်နိုင်ငံ မတူညီတဲ့ ရပ်တည်ချက်တွေ ရှိနေတာမို့ ဂါဇာ အရေးနဲ့ ပတ် သက်ပြီး  ဒီနေ့အထိ ဘာထုတ်ပြန်ချက်မှ မထုတ်နိုင်သေးတဲ့ အကြောင်း သိရပါတယ်။

ဒီလိုမျိုး အဖွဲတစ်ခုလုံး ကိုယ်စားပြုတဲ့ ထုတ်ပြန်ချက် တစ်ခု ထွက်မလာပေမယ့် တစ်နိုင်ငံချင်းစီရဲ့ ထုတ်ပြန်ချက်တွေတော့ ရှိတယ်လို့ သိရပါတယ်။

ပြောခွင့်ရသူရဲ့ ပြောဆိုချက်အရက”ဒေသဆိုင်ရာ အစုအဖွဲ့ထဲကအဖွဲ့ဝင်တွေဟာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး သီးခြား ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပေမယ့်လည်း အစုအဖွဲ့ တစ်ခုလုံးအနေနဲ့ က ဘာမှ မထုတ်ပြန်နိုင်သေးဘူး” လို့ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲက အကျပ်အတည်းအပေါ် အဖွဲ့ဝင်နိုင်ငံအသီးသီးက ရပ်တည်ချက် အမျိုးမျိုးရှိနေတာမို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဆက်စပ်မှုကို ထိခိုက်စေနိုင် တယ်လို့လည်း  ကျွမ်းကျင်သူများက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 အာဆီယံအဖွဲ့ဝင်တွေအနေနဲ့  အကျပ်အတည်းနဲ့ ပတ်သက်ပြီး သီးခြားကြေညာချက်တွေ ထုတ်ပြန်ထားပေမယ့်လည်း ဒေသတွင်းအဖွဲ့အားလုံးက အလုံးစုံ တုံ့ပြန်တာမျိုး မရှိသေးကြောင်းလည်း သိရပါတယ်။

Ref: CAN

ပုံစာအာဆီယံအလံကို တွေ့ရပုံ

Feature Image Credit: Reuters

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *